ဖမ္းဆီးအေရးယူမွ စည္းကမ္းေကာင္းၾကမွာလားလို႔ ဦးၿဖိဳးမင္းသိန္းေမးၿပီ

0
1325

ဖမ္းဆီးအေရးယူမွ ရန္ကုန္ၿမိဳ႕ခံေတြ စည္းကမ္းေကာင္းၾကမွာလားလို႔ တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေမးခြန္းထုတ္လိုက္ပါတယ္။

ရန္ကုန္ ၿမိဳ႕ေတာ္ႀကီး ဖြံ႔ၿဖိဳးဖို႔ အသိတရားနဲ႔ စည္းကမ္းေကာင္းတဲ့ ၿမိဳ႕ေတာ္ႀကီးအျဖစ္ ေဆာင္ရြက္ၾကရင္ ဖမ္းဆီးအေရးယူတာထက္ ေကာင္းမယ္လို႔လည္း ေျပာၾကားလိုက္တာပါ။

ေအာက္တိုဘာလ ၂၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္ ျပည္လမ္း (မဟာၿမိဳင္) လူကူးခံုးေက်ာ္တံတားသစ္ ဖြင့္ပြဲအခမ္းအနားမွာ ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီလိုေျပာၾကားရာမွာေတာ့ ခံုးေက်ာ္တံတားေတြကေန လူကူးတာေတြကို လုပ္ၾကရင္ လမ္းမေပၚ ျဖတ္ကူးလို႔ မရႏိုင္ေတာ့တာေၾကာင့္ ခံုးေက်ာ္တံတားေတြကေန စနစ္တက် ျဖတ္ကူးသင့္တယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္ ျပည္လမ္း (မဟာၿမိဳင္) လူကူးခံုးေက်ာ္တံတားကို ေဆာက္လုပ္ေရးစီမကိန္းကို ျမသက္တင္ကုမၸဏီက တင္ဒါေအာင္ျမင္တာ ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ ႀကီးၾကပ္ကြပ္ကဲမႈနဲ႔ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။


ဖမ်းဆီးအရေးယူမှ စည်းကမ်းကောင်းကြမှာလားလို့ ဦးဖြိုးမင်းသိန်းမေးပြီ

ဖမ်းဆီးအရေးယူမှ ရန်ကုန်မြို့ခံတွေ စည်းကမ်းကောင်းကြမှာလားလို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေးခွန်းထုတ်လိုက်ပါတယ်။

ရန်ကုန် မြို့တော်ကြီး ဖွံ့ဖြိုးဖို့ အသိတရားနဲ့ စည်းကမ်းကောင်းတဲ့ မြို့တော်ကြီးအဖြစ် ဆောင်ရွက်ကြရင် ဖမ်းဆီးအရေးယူတာထက် ကောင်းမယ်လို့လည်း ပြောကြားလိုက်တာပါ။

အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ပြည်လမ်း (မဟာမြိုင်) လူကူးခုံးကျော်တံတားသစ် ဖွင့်ပွဲအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပြောကြားရာမှာတော့ ခုံးကျော်တံတားတွေကနေ လူကူးတာတွေကို လုပ်ကြရင် လမ်းမပေါ် ဖြတ်ကူးလို့ မရနိုင်တော့တာကြောင့် ခုံးကျော်တံတားတွေကနေ စနစ်တကျ ဖြတ်ကူးသင့်တယ်လို့လည်း ပြောကြားခဲ့တာပါ။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ပြည်လမ်း (မဟာမြိုင်) လူကူးခုံးကျော်တံတားကို ဆောက်လုပ်ရေးစီမကိန်းကို မြသက်တင်ကုမ္ပဏီက တင်ဒါအောင်မြင်တာ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)