
0
913




●———————————————

ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်ရေးယန္တရား မဖြစ်ဖို့ အစိုးရအဖွဲ့ဝင်တွေကို သမ္မတ သတိပေးပြီ

ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်ရေးယန္တရား မဖြစ်ဖို့ အရေးကြီးတယ်လို့ အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ စီမံခန့်ခွဲမှုမျိုးတွေကိုသာ ဖြစ်စေလိုတယ်လို့လည်း ထည့်သွင်း သတိပေး ပြောကြားလိုက်တာပါ။

အောက်တိုဘာလ ၂၇ ရက်နေ့က ပုသိမ်မြို့မှာကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်၊ တရားလွှတ်တော်တွေနဲ့အတူ တိုင်းဒေသကြီးအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေအပြင် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံတဲ့ အခမ်းအနားမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတက အဲ့ဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)