မီဒီယာနဲ႔ အစိုးရအၾကား ပြတ္တိုက္မႈေတြကို စိတ္ရွည္သည္းခံ ေျဖရွင္းဖို႔လို

0
981

မီဒီယာနဲ႔ အစိုးရအၾကား ပြတ္တိုက္မႈေတြကို စိတ္ရွည္သည္းခံ ေျဖရွင္း ေဆာင္ရြက္ဖို႔ အေရးႀကီးတယ္လို႔ ျပန္ၾကားေရး၀န္ႀကီးဌာန ဒုတိယ ျပည္ေထာင္စု၀န္ႀကီး ဦးေအာင္လွထြန္းက ေျပာၾကားလိုက္ပါတယ္။

 

ရန္ကုန္ၿမိဳ႕ရွိ ခ်က္ထရီယံဟိုတယ္မွာ ေအာက္တိုဘာလ ၂၇ ရက္ေန႔က က်င္းပတဲ့ ျမန္မာသတင္းပညာသိပၸံ (Myanmar Journalism Institute) ရဲ႕ အခ်ိန္ျပည့္ မာလ္တီမီဒီယာသတင္းပညာ ဒီပလိုမာသင္တန္း (၂၀၁၈) သင္တန္းဆင္းလက္မွတ္ ခ်ီးျမႇင့္ပြဲမွာ ေျပာၾကားခဲ့တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ မီဒီယာလြတ္လပ္မႈရွိတဲ့ ႏိုင္ငံတိုင္းမွာ မီဒီယာနဲ႔ အစိုးရအၾကား ပြတ္တိုက္မႈေတြရွိတတ္တာေၾကာင့္ ႏိုင္ငံရဲ႕အက်ိဳး မထိခိုက္ေစဖို႔ စိတ္ရွည္သည္းခံ ေျဖရွင္း ေဆာင္ရြက္ဖို႔ အေရးႀကီးတယ္လို႔ ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ႏိုင္ငံအတြက္ အားကိုးရေလာက္တဲ့၊ မူ၀ါဒ လြတ္လပ္ၿပီး ဘ႑ာေရး အမွီအခိုကင္းတဲ့ ျပည္တြင္း ပုဂၢလိကမီဒီယာေတြ တည္ရွိေရး အလြန္အေရးႀကီးေနတာေၾကာင့္ အားလံုး၀ိုင္း၀န္းပူးေပါင္း လက္တြဲေဆာင္ရြက္ၾကဖို႔ကိုလည္း တိုက္တြန္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

●———————————————

မီဒီယာနဲ့ အစိုးရအကြား ပွတ်တိုက်မှုတွေကို စိတ်ရှည်သည်းခံ ဖြေရှင်းဖို့လို

မီဒီယာနဲ့ အစိုးရအကြား ပွတ်တိုက်မှုတွေကို စိတ်ရှည်သည်းခံ ဖြေရှင်း ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute) ရဲ့ အချိန်ပြည့် မာလ်တီမီဒီယာသတင်းပညာ ဒီပလိုမာသင်တန်း (၂၀၁၈) သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲမှာ ပြောကြားခဲ့တာပါ။

ဒီလိုပြောကြားရာမှာတော့ မီဒီယာလွတ်လပ်မှုရှိတဲ့ နိုင်ငံတိုင်းမှာ မီဒီယာနဲ့ အစိုးရအကြား ပွတ်တိုက်မှုတွေရှိတတ်တာကြောင့် နိုင်ငံရဲ့အကျိုး မထိခိုက်စေဖို့ စိတ်ရှည်သည်းခံ ဖြေရှင်း ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် နိုင်ငံအတွက် အားကိုးရလောက်တဲ့၊ မူဝါဒ လွတ်လပ်ပြီး ဘဏ္ဍာရေး အမှီအခိုကင်းတဲ့ ပြည်တွင်း ပုဂ္ဂလိကမီဒီယာတွေ တည်ရှိရေး အလွန်အရေးကြီးနေတာကြောင့် အားလုံးဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)