
0
434



………………….. ။ ။ ……………………..

ဟန်ပြသင့်မြတ်ရေးက အချိန်ကုန်တယ်လို့ ဦးမင်းဇေယျာ ပြော

အစိုးရနဲ့ တပ်မတော်တို့ အကြား ယုံကြည်မှုကို မတည်ဆောက်ဘဲနဲ့ ဟန်ပြ သင့်မြတ်ရေးလုပ်တယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်တယ်လို့ ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးမင်းဇေယျာက ပြောပါတယ်။

ရန်ကုန်မြို့၊ M3 စားသောက်ဆိုင်မှာ အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အကြမ်းများနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ ဆွေးနွေးပွဲမှာ ဦးမင်းဇေယျာက ပြောခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားရင်ကြားစေ့ရေးမူ ကိုင်စွဲထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနဲ့ တပ်မတော်တို့ ယုံကြည်မှု တည်ဆောက်ရာမှာ လက်ရှိ အချိန်အထိ ထင်ရှားတဲ့ရလဒ် မရသေးတဲ့အတွက်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ အကြမ်းဖက် ကိစ္စတွေကို ဖြေရှင်းဖို့ မလွယ်ဘူးလို့ တက်ရောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)