ေရြးေကာက္ပြဲ အနိုင္မရတာ ရာသက္ပန္ ဘံုးဘံုးလဲသြားတာ မဟုတ္ဘူးလို႔ ျပည္ခိုင္ၿဖိဳးပါတီေျပာ

0
336

ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာ္ပြဲမွာ အနိုင္မရတာက ရာသက္ပန္ ဘံုးဘံုးလဲသြားတာ မဟုတ္ဘဲ ေျပးရင္းလႊားရင္း ခလုတ္တိုက္သြားတာ ေလာက္သာ ျဖစ္တယ္လို႔ ပါတီဝင္ေတြအေနနဲ႔ ရႈျမင္ရမွာျဖစ္ေၾကာင္း ျပည္ေထာင္စု ႀကံ့ခိုင္ေရးနွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌး က ေျပာပါတယ္။

ေအာက္တိုဘာလ ၂၆ ရက္ေန႔က ဧရာ၀တီတိုင္းေဒသႀကီး ဟသၤာတခ႐ုိင္မွာ ျပဳလုပ္တဲ႔ ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္ေတြနဲ႔ ၿမိဳ႕မိၿမိဳ႕ဖမ်ားေတြ႔ဆံုပြဲမွာ ပါတီဥကၠ႒က အခုလို ေျပာဆိုလိုက္တာပါ။

ဒ့ါအျပင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနွင့္ ဖြံၿဖိဳးေရးပါတီကို လူထုက ယံုၾကည္မႈမရွိေတာ႔ဘူး၊ ပါတီအေနနဲ႔ နိုင္ငံေရး လမ္းေၾကာင္းေပၚကို ဘယ္ေတာ႔မွေရာက္လာမွာ မဟုတ္ေတာ့ဘူးလို႔ ေျပာဆိုတဲ့ ေဝဖန္ေရးသားမႈေတြဟာ ဝါဒျဖန္႔ တိုက္ခိုက္ေနတာေတြသာ ျဖစ္တယ္လို႔လည္း ေျပာဆိုထားပါတယ္။
………………….. ။ ။ …………………..
ရွေးကောက်ပွဲ အနိုင်မရတာ ရာသက်ပန် ဘုံးဘုံးလဲသွားတာ မဟုတ်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီပြော

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကော်ပွဲမှာ အနိုင်မရတာက ရာသက်ပန် ဘုံးဘုံးလဲသွားတာ မဟုတ်ဘဲ ပြေးရင်းလွှားရင်း ခလုတ်တိုက်သွားတာလောက်သာ ဖြစ်တယ်လို့ ပါတီဝင်တွေအနေနဲ့ ရှုမြင်ရမှာဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်မှာ ပြုလုပ်တဲ့ မြို့နယ် ပါတီ ကော်မတီဝင်တွေနဲ့ မြို့မိမြို့ဖများတွေ့ဆုံပွဲမှာ ပါတီဥက္ကဋ္ဌက အခုလို ပြောဆိုလိုက်တာပါ။

ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကို လူထုက ယုံကြည်မှုမရှိတော့ဘူး၊ ပါတီအနေနဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကို ဘယ်တော့မှရောက်လာမှာ မဟုတ်တော့ဘူးလို့ ပြောဆိုတဲ့ ဝေဖန်ရေးသားမှုတွေဟာ ဝါဒဖြန့် တိုက်ခိုက်နေတာတွေသာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)