
0
299



…………………… ။ ။ …………………….

ကျွဲနွားအရှင် တင်ပို့တာ တနှစ်စမ်းလုပ်မယ်

ကျွဲနွားအရှင် ပြည်ပသို့ တရားဝင် တင်ပို့မှုကို စမ်းသပ်ကာလအဖြစ် တနှစ် ဆောင်ရွက်သွားမယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြောဆိုလိုက်ပြီး တနှစ်ပြည့်ပြီး နောက်ပိုင်းမှ ပိုမိုစနစ်ကျပြီး ရေရှည် ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်များကို ချမှတ် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျွဲနွား မွေးမြူရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ ကျွဲနွားအရှင် ပြည်ပသို့ တရားဝင် တင်ပို့မှုဆိုင်ရာ အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ ခင်ဇော်က ပြောခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ ဈေးကွက်ကို ဖော်ဆောင်နိုင်ဖို့နဲ့ တရားမဝင် တင်ပို့မှုများအား တရားဝင် လမ်းကြောင်းပေါ်ကိုရောက်ရှိစေဖို့ ကျွဲနွား အရှင်များကို သတ်မှတ် လုပ်ထုံး လုပ်နည်းများနဲ့ အညီ ပြည်ပသို့ တင်ပို့ခြင်းကို မကြာသေးခင်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ (

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)