လႊတ္ေတာ္ကို ဒရုန္းရိုက္ကူးဖို႔ လုပ္တဲ့သတင္းေထာက္ေတြကို စံုစမ္းေမးျမန္းေန

0
388

လႊတ္ေတာ္အေဆာက္အဦကို ဒရုန္းနဲ႔ ဓာတ္ပံုရိုက္ကူးဖို႔ လုပ္ခဲ့တဲ့ တူရကီႏိုင္ငံ အေျခစိုက္ စကၤာပူရံုးခြဲ TRTသတင္းဌာနက သတင္းေထာက္ေတြကို  သက္ဆိုင္ရာက ေခၚယူေမးျမန္းစံုစမ္းေနတယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။

တူရကီႏိုင္ငံ အေျခစိုက္ စကၤာပူရံုးခြဲ TRTသတင္းဌာနက မေလးရွားႏိုင္ငံသူ MOK CHOY LIN ၊ စကၤာပူႏိုင္ငံသား LAU HON MENG၊ စကားျပန္ ေမာင္ေအာင္ႏိုင္စိုး(ခ)ရာကြတ္ ၊ ယာဥ္ေမာင္း ဦးလွတင္ ပါဝင္ေသာအဖြဲ႔ဟာ ေအာက္တိုဘာ ၂၇ရက္က လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ရံုးအမွတ္(၂၇)အနီး ဒရုန္းလႊတ္တင္ဖို႔လုပ္ေနတုန္း ရဲက ေတြ႔ရွိခဲ့တာ ျဖစ္တယ္။

ကနဦးစစ္ေဆးခ်က္မ်ားအရ ျမန္မာႏိုင္ငံရႈခင္းမ်ား၊ လွပတဲ့ အေဆာက္ အဦ မ်ား၊ ဘုရား ေစတီနဲ႔ လႊတ္ေတာ္အေဆာက္အဦးမ်ားကို ရိုက္ကူးျခင္းျဖစ္ျပီး  လႊတ္ေတာ္ အေဆာက္ အဦကို  ရုိက္ကူးရန္ ဒရုန္း လႊတ္တင္တုန္း လွည့္ကင္းအဖြဲ႔က စစ္ေဆးခံရျခင္း ျဖစ္တယ္။

ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ျမန္မာႏိုင္ငံဆိုင္ရာ စင္ကာပူ သံရံုးနဲ႔ မေလးရွားသံရံုးမ်ားသို႔ အေၾကာင္းၾကားထားတယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွှတ်တော်ကို ဒရုန်းရိုက်ကူးဖို့ လုပ်တဲ့သတင်းထောက်တွေကို စုံစမ်းမေးမြန်းနေ

လွှတ်တော်အဆောက်အဦကို ဒရုန်းနဲ့ ဓာတ်ပုံရိုက်ကူးဖို့ လုပ်ခဲ့တဲ့ တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနက သတင်းထောက်တွေကို သက်ဆိုင်ရာက ခေါ်ယူမေးမြန်းစုံစမ်းနေတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနက မလေးရှားနိုင်ငံသူ MOK CHOY LIN ၊ စင်္ကာပူနိုင်ငံသား LAU HON MENG၊ စကားပြန် မောင်အောင်နိုင်စိုး(ခ)ရာကွတ် ၊ ယာဉ်မောင်း ဦးလှတင် ပါဝင်သောအဖွဲ့ဟာ အောက်တိုဘာ ၂၇ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)အနီး ဒရုန်းလွှတ်တင်ဖို့လုပ်နေတုန်း ရဲက တွေ့ရှိခဲ့တာ ဖြစ်တယ်။

ကနဦးစစ်ဆေးချက်များအရ မြန်မာနိုင်ငံရှုခင်းများ၊ လှပတဲ့ အဆောက် အဦ များ၊ ဘုရား စေတီနဲ့ လွှတ်တော်အဆောက်အဦးများကို ရိုက်ကူးခြင်းဖြစ်ပြီး လွှတ်တော် အဆောက် အဦကို ရိုက်ကူးရန် ဒရုန်း လွှတ်တင်တုန်း လှည့်ကင်းအဖွဲ့က စစ်ဆေးခံရခြင်း ဖြစ်တယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံရုံးနဲ့ မလေးရှားသံရုံးများသို့ အကြောင်းကြားထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)