ကြိုတင်မဲတွေ အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီး ပေးရတော့မယ်

0
326

ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို လာမယ့် အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီး စိစစ်ခွင့်ပြုပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လာပါပြီ။။။

ပထမဆုံးအဆင့်အနေနဲ့ တာဝန်အရ ခရီးသွားဖို့ရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ခိုင်လုံတဲ့ထောက်ခံချက်နဲ့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဆီ တင်ပြပြီး ကြိုတင်ဆန္ဒမဲတွေကို အောက်တိုဘာလ၂၉ ရက်နေ့မှာ ပေးခွင့်ရရှိမယ်လို့ ကော်မရှင်က ဒီကနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်တာပါ။

BN-JH086_0708MY_E_20150708053509

ဒုတိယအဆင့်အနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲရုံအသီးသီးမှာ တာဝန်ယူကြမယ့် မဲရုံအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲရက်မှာ ခရီးသွားဖို့ ရှိနေသူတွေကို နိုဝင်ဘာလ (၆) ရက် နဲ့ (၇)ရက် နေ့တွေမှာ ကြိုတင်ဆန္ဒမဲ ပေးခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

တတိယအဆင့်အနေနဲ့ကတော့ မဲဆန္ဒနယ်အတွင်းရှိ မဲရုံကို ကိုယ်တိုင်မလာရောက်နိုင်တဲ့ ရောဂါဝေဒနာခံစား နေရသူတွေ၊ အသက်အရွယ်ကြီးရင့်နေသူတွေ၊ သားဖွားနေသူတွေ၊ အချုပ်ခံနေရသူတွေ၊ ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသခြင်းခံနေရသူတွေကို ကြိုတင်ဆန္ဒမဲ ပေးနိုင်ဖို့အတွက် ရွေးကောက်ပွဲနေ့ မတိုင်မီ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် နှစ်ဦးကို စေလွှတ်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်ကဆိုပါတယ်။

ဒီကြိုတင်ဆန္ဒမဲလက်မှတွေကို စာအိတ်ထဲထည့်ကာ သေချာစွာပိတ်ပြီး ကော်မရှင်အဖွဲ့ခွဲဝင်နှစ်ဦးကို ပြန်လည် ပေးအပ်ထားမှာဖြစ်ကာ ဒီလို ကြိုတင်ဆန္ဒမဲပေးတာတွေကို ကိုယ်စားလှယ်တွေ၊ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ သတင်းမီဒီယာအဖွဲ့တွေနဲ့ အခြားစောင့်ကြည့်လေ့လာဖို့ ဆန္ဒရှိသူတွေအနေနဲ့ စောင့်ကြည့်လေ့လာတာ၊ လိုက်ပါကြည့်ရှုတာ ပြုလုပ်နိုင်တယ်လို့လည်း ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)