EU ႏွင့္ OIC တို ့ပူးတြဲတင္သြင္းတဲ့ ဆံုးျဖတ္ခ်က္အဆိုမူၾကမ္း ျမန္မာ ပယ္ခ်

0
110

ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ (၄၂) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ကာလအတြင္း ဥေရာပ သမဂၢ (EU) နဲ႔ အစၥလာမ္ ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OIC) တို႔ရဲ႕ ဆံုးျဖတ္ခ်က္ အဆိုမူၾကမ္းကို ျမန္မာက ပယ္ခ်လိုက္ပါတယ္။

စက္တင္ဘာလ ၂၆ ရက္ေန႔မွာ “ျမန္မာႏိုင္ငံရွိ ႐ိုဟင္ဂ်ာမြတ္ဆလင္ မ်ားႏွင့္ အျခား တိုင္းရင္းသားလူနည္းစုမ်ား၏ လူ႔အခြင့္အေရးအေျခအေန” ဆိုတဲ့ေခါင္းစဥ္နဲ႔ ဆံုးျဖတ္ခ်က္ မူၾကမ္းကို EU ႏွင့္ OIC တို႔က တင္သြင္းခဲ့တာပါ။ အဲဒီ ဆံုးျဖတ္ခ်က္မူၾကမ္းကို ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။

အဆိုမူၾကမ္းကို အဖြဲ႔ဝင္ ၄၇ ႏိုင္ငံ ပါဝင္တဲ့ လူ႔အခြင့္အေရးေကာင္စီမွာ မဲခြဲခဲ့ရာ ေထာက္ခံမဲ ၃၇ မဲ၊ ကန္႔ကြက္မဲ ၂ မဲ၊ ၾကားေနမဲ ၇ မဲနဲ႔ အတည္ျပဳခဲ့ပါတယ္။ တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔က ျမန္မာႏိုင္ငံဘက္မွ ရပ္တည္ၿပီး အဆိုမူၾကမ္းကို ကန္႔ကြက္မဲ ေပးခဲ့ၾကၿပီး အင္ဂိုလာ၊ ကမ္မ႐ြန္း၊ ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံ၊ အိႏၵိယ၊ ဂ်ပန္၊ နီေပါ၊ ယူကရိန္း ႏိုင္ငံတို႔က EU ႏွင့္ OIC တို႔ရဲ႕ အဆိုမူၾကမ္းကို ေထာက္ခံျခင္းမျပဳဘဲ ၾကားေနမဲ ေပးခဲ့ၾကပါတယ္။ က်ဴးဘားႏိုင္ငံကေတာ့ မဲေပးမႈမွာ ပါဝင္ျခင္း မျပဳဘဲေနခဲ့ပါတယ္။

EU နှင့် OIC တို ့ပူးတွဲတင်သွင်းတဲ့ ဆုံးဖြတ်ချက်အဆိုမူကြမ်း မြန်မာ ပယ်ချ


ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ဥရောပ သမဂ္ဂ (EU) နဲ့ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ရဲ့ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မြန်မာက ပယ်ချလိုက်ပါတယ်။


စက်တင်ဘာလ ၂၆ ရက်နေ့မှာ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင် များနှင့် အခြား တိုင်းရင်းသားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆုံးဖြတ်ချက် မူကြမ်းကို EU နှင့် OIC တို့က တင်သွင်းခဲ့တာပါ။ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပယ်ချခဲ့တာ ဖြစ်ပါတယ်။


အဆိုမူကြမ်းကို အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ လူ့အခွင့်အရေးကောင်စီမှာ မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၇ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်တို့က မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြီး အဆိုမူကြမ်းကို ကန့်ကွက်မဲ ပေးခဲ့ကြပြီး အင်ဂိုလာ၊ ကမ်မရွန်း၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ နီပေါ၊ ယူကရိန်း နိုင်ငံတို့က EU နှင့် OIC တို့ရဲ့ အဆိုမူကြမ်းကို ထောက်ခံခြင်းမပြုဘဲ ကြားနေမဲ ပေးခဲ့ကြပါတယ်။ ကျူးဘားနိုင်ငံကတော့ မဲပေးမှုမှာ ပါဝင်ခြင်း မပြုဘဲနေခဲ့ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)