
0
92




မြန်မာ-ချက် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တွေ့ဆုံဆွေးနွေး


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယာရိုဆလပ်ဗ် ဒိုလီချက်ခ်တို့ စက်တင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။


အဲဒီလို တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပါ။


အဲဒီတွေ့ဆုံပွဲကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)