တကၠစီသမားကို ဓားေထာက္ ဓားျပတိုက္သူ ႏွစ္ဦးအနက္ တစ္ဦး ဖမ္းမိ

0
936

ရန္ကုန္ၿမိဳ႕၊ တာေမြၿမိဳ႕နယ္မွာ တကၠစီသမားတစ္ဦးကို ဓားေထာက္ ေျခာက္လွန္႔ ဓားျပတိုက္သူ ႏွစ္ဦးအနက္ တစ္ဦးကို ဖမ္းဆီးရမိခဲ့ပါတယ္။

စက္တင္ဘာ ၂၆ ရက္ေန႔က တကၠစီသမား တစ္ဦးရဲ႕ ကားကို လူငယ္ႏွစ္ဦးက စီဒိုးနား ဟိုတယ္ေရွ႕ အင္းလ်ားကန္ေဘာင္ အနီးကေန ပုစြန္ေတာင္ေစ်း၊ ပုစြန္ေတာင္ေစ်းကေန တာေမြၿမိဳ႕နယ္၊ မအူကုန္းရပ္ကြက္၊ ၁၃၃ လမ္းကို ဆက္ငွားခဲ့ၿပီးေနာက္ ဓားေထာက္ ေျခာက္လွန္းကာ ေငြ ၈ ေသာင္းနဲ႔ ဖုန္းတို႔ကို လုယက္သြားခဲ့တာ ျဖစ္ပါတယ္။

စုံစမ္းေဆာင္ရြက္ခ်က္အရ ေျခာက္လွန္႔ ေတာင္းယူသြားတဲ့ လူငယ္ ႏွစ္ဦး အနက္ တစ္ဦးက ရန္ကင္းၿမိဳ႕နယ္၊ (၆) ရပ္ကြက္၊ ရန္ၿငိမ္းလမ္းသြယ္ (၂) ေန ေက်ာ္ဇင္ထြန္း ျဖစ္ေၾကာင္း သိရတဲ့အတြက္ စက္တင္ဘာ ၂၇ ရက္ေန႔မွာ ဖမ္းဆီးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကစီသမားကို ဓားထောက် ဓားပြတိုက်သူ နှစ်ဦးအနက် တစ်ဦး ဖမ်းမိ

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ တက္ကစီသမားတစ်ဦးကို ဓားထောက် ခြောက်လှန့် ဓားပြတိုက်သူ နှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က တက္ကစီသမား တစ်ဦးရဲ့ ကားကို လူငယ်နှစ်ဦးက စီဒိုးနား ဟိုတယ်ရှေ့ အင်းလျားကန်ဘောင် အနီးကနေ ပုစွန်တောင်ဈေး၊ ပုစွန်တောင်ဈေးကနေ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ၁၃၃ လမ်းကို ဆက်ငှားခဲ့ပြီးနောက် ဓားထောက် ခြောက်လှန်းကာ ငွေ ၈ သောင်းနဲ့ ဖုန်းတို့ကို လုယက်သွားခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းဆောင်ရွက်ချက်အရ ခြောက်လှန့် တောင်းယူသွားတဲ့ လူငယ် နှစ်ဦး အနက် တစ်ဦးက ရန်ကင်းမြို့နယ်၊ (၆) ရပ်ကွက်၊ ရန်ငြိမ်းလမ်းသွယ် (၂) နေ ကျော်ဇင်ထွန်း ဖြစ်ကြောင်း သိရတဲ့အတွက် စက်တင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)