
0
1685




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်း ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်ကို လွှတ်တော် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်တာဝန်ပေးလိုကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ တင်ပြချက်ကို မနေ့က စက်တင်ဘာ ၂၇ ရက်နေ့ ရန်ကုန်တိုင်း လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ပေမယ့် ကန့်ကွက်လိုတဲ့ အမည်စာရင်း ပေးပို့လာခြင်း မရျိတဲ့အတွက် ဒေါ်ခင်မျိုးကြည်ကို တိုင်း ဥပဒေချုပ်အဖြစ် လွှတ်တော်က သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးကြည်ဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှာ ဥပဒေဝန်ထမ်းအဖြစ် ၃၄ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကနေ ညွှန်ကြားရေးမှူးချုပ် ရာထူးနဲ့ အငြိမ်းစားယူခဲ့သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)