ႏ်ဴကလီးယားလက္နက္ ပိတ္ပင္တားဆီးေရး စာခ်ဳပ္မွာ ျမန္မာႏိုင္ငံ လက္မွတ္ေရးထိုး

0
1040

အေမရိကန္၊ နယူးေယာက္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ဟာ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ျမန္မာႏိုင္ငံေတာ္ အစိုးရကိုယ္စား ႏ်ဴကလီးယားလက္နက္ ပိတ္ပင္တားဆီးေရးဆိုင္ရာ စာခ်ဳပ္မွာ ပါဝင္လက္မွတ္ေရးထိုးခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္၊ အျပည္ျပည္ဆိုင္ရာ စာခ်ဳပ္စာတမ္းမ်ား ခ်ဳပ္ဆိုပြဲ အခမ္းအနားမွာ ႏ်ဴကလီးယားလက္နက္ ပိတ္ပင္တားဆီးေရးဆိုင္ရာစာခ်ဳပ္ကို ႏိုင္ငံသစ္မ်ားက လက္မွတ္ေရးထိုးျခင္း၊ လက္မွတ္ေရးထိုးၿပီးတဲ့ ႏိုင္ငံေတြက အတည္ျပဳျခင္းတို႔ ေဆာင္႐ြက္တဲ့ အဆင့္ျမင့္ အခမ္းအနားတစ္ရပ္ကို အျပည္ျပည္ဆိုင္ရာ ႏ်ဴကလီးယား လက္နက္မ်ား အလုံးစုံဖ်က္သိမ္းေရးေန႔နဲ႔ တိုက္ဆိုင္ၿပီး က်င္းပခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံနဲ႔အတူ အန္တီကြာဘာဗူဒါႏိုင္ငံ၊ ဘီနင္ႏိုင္ငံ၊ ဘ႐ူႏိုင္းႏိုင္ငံ၊ ဂီနီယာ ဗစ္ဆာ႐ူႏိုင္ငံ၊ ေဆရွဲလ္ႏိုင္ငံ၊ တီေမာလက္စ္ေတႏိုင္ငံတို႔လည္း စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်မှာ မြန်မာနိုင်ငံ လက်မှတ်ရေးထိုး

အမေရိကန်၊ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဟာ စက်တင်ဘာလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနားမှာ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာစာချုပ်ကို နိုင်ငံသစ်များက လက်မှတ်ရေးထိုးခြင်း၊ လက်မှတ်ရေးထိုးပြီးတဲ့ နိုင်ငံတွေက အတည်ပြုခြင်းတို့ ဆောင်ရွက်တဲ့ အဆင့်မြင့် အခမ်းအနားတစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ နျူကလီးယား လက်နက်များ အလုံးစုံဖျက်သိမ်းရေးနေ့နဲ့ တိုက်ဆိုင်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့အတူ အန်တီကွာဘာဗူဒါနိုင်ငံ၊ ဘီနင်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ဂီနီယာ ဗစ်ဆာရူနိုင်ငံ၊ ဆေရှဲလ်နိုင်ငံ၊ တီမောလက်စ်တေနိုင်ငံတို့လည်း စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)