
0
940



ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေကို တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ အကဲဖြတ်ဖို့ လိုသလို အခြေခံ အပြောင်းအလဲများ၊ အသွင်ကူးပြောင်းမှုများအပေါ် လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အင်အားနဲ့ သတ္တိကို ပြည်သူနဲ့အတူ စုပေါင်းအင်အားနဲ့ ရှာဖွေကြရမှာ ဖြစ်တယ်လို့ NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း နှစ် (၃၀)ပြည့် အခမ်းအနား ကျင်းပ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်ခြင်း နှစ် (၃၀)ပြည့် အခမ်းအနားကို မနေ့က စက်တင်ဘာ ၂၇ ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (ဗဟိုဌာနချုပ်)မှာ ကျင်းပပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံတော်ကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆင့်ဆင့်တွင် ကျဆုံးသွားခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေကို ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ရှစ်စက္ကန့်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေကို တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရ အကဲဖြတ်ဖို့ လိုသလို အခြေခံ အပြောင်းအလဲများ၊ အသွင်ကူးပြောင်းမှုများအပေါ် လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အင်အားနဲ့ သတ္တိကို ပြည်သူနဲ့အတူ စုပေါင်းအင်အားနဲ့ ရှာဖွေကြရမှာ ဖြစ်တယ်လို့ NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)