အနည္းဆုံးအခေၾကးေငြ ၅၆၀၀ က်ပ္တုိးျမွင့္ေပးဖို႔ အလုပ္သမားအဖြဲ႕အစည္းေတြ ေတာင္းဆုိ (႐ုပ္/သံ)

0
192

ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈေတြေၾကာင့္ အလုပ္သမားေတြအတြက္ အနည္းဆုံးအခေၾကးေငြ ၄၈၀၀ က်ပ္ဟာ လုံေလာက္မႈမရွိတဲ့ အေျခအေနေတြနဲ႔ ရင္ဆုိင္ေနရတာေၾကာင့္ အနည္းဆုံးအခေၾကးေငြ ၅၆၀၀ က်ပ္ တုိးျမႇင့္ေပးဖို႔လိုအပ္ေနပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏာၱမုိးက ေပးပို႔ထားပါတယ္။

ျမန္မာနုိင္ငံက အလုပ္သမားေတြရဲ႕အနိမ့္ဆုံးလုပ္ခလစာဟာ တျခားႏုိင္ငံေတြနဲ႔ႏႈိင္းယွဥ္ရင္ နည္းပါးေနတဲ့ အျပင္ကုန္ေစ်းႏႈန္းႀကီးျမင့္မႈေတြေၾကာင့္ အခက္အခဲေတြနဲ႔ရင္ဆုိင္ေနၾကရပါတယ္။

အဲဒါေၾကာင့္ မၾကာေသးမီက သတ္မွတ္ျပဌာန္းေပးခဲ့တဲ့ အနည္းဆုံးအခေၾကးေငြ ၄၈၀၀ က်ပ္ဟာ အလုပ္သမားေတြ အတြက္လုံေလာက္မႈမရွိတာေၾကာင့္ အရင္ကေတာင္းဆုိခဲ့တဲ့ အနိမ့္ဆုံးလုပ္ခလစာ ၅၆၀၀က်ပ္ကုိတုိးျမွင့္ေပးဖို႔ ျမန္မာနုိင္ငံလုံးဆုိင္ရာ အလုပ္သမားေရးရာ အဖြဲ႕ဗဟုိစည္းရုံးေရး ေကာ္မတီ ကေျပာပါတယ္ ။

Soundbite ဦးေဌး (တရားလႊတ္ေတာ္ေရွ႕ေန)
လြတ္လပ္ေသာ ျမန္မာႏုိင္ငံလုံးဆုိင္ရာ အလုပ္သမားေရးရာ အဖြဲ႔ဗဟုိစည္း႐ုံးေရးေကာ္မတီ(အဖြဲ႕၀င္)

ဒ့ါအျပင္လက္ရွိမွာ အနည္းဆုံးအခေၾကးေငြ ၄၈၀၀က်ပ္ အစုိးရကသတ္မွတ္ေပးခဲ့ေပမယ့္ လက္ေတြ႔မွာ မရရွိၾကေသးတဲ႔ အလုပ္သမားေတြ ရွိေနသလိုတစ္ဘက္မွာလည္း အခ်ိန္ပုိခုိင္းေစ တာေတြရက္မွန္ေၾကးအျပည့္ အ၀မရရွိတဲ့ အတြက္ေၾကာင့္ အလုပ္သမားအဖြဲ႔အစည္းေတြ ကေစာင္႔ၾကည့္ ေနရတဲ့အေျခအေနမွာရွိေန တာျဖစ္ပါတယ္ ။

Soundbite မအိဇင္ၿဖိဳး (ဥကၠ႒)
ဆပ္ျပာစက္႐ုံ ဗမာနုိင္ငံလုံးဆုိင္ရာအလုပ္သမားသမဂၢ

ဒါ့အျပင္ အနည္းဆုံးအခေၾကးေငြ၄၈၀၀က်ပ္ သတ္မွတ္ျပဌာန္းေပးခဲ့ၿပီးေနာက္ပုိင္း အနည္းဆုံး အခေၾကးေငြႏႈန္းထားအတုိင္း ေပးေခ်ျခင္းမရွိတဲ့ စက္ရုံေတြကုိတုိင္ၾကားထားၿပီးျဖစ္ေသာ္လည္း အေရးယူ ေဆာင္ရြက္ထားျခင္းမရွိေသးပဲ ကြင္းဆင္းစစ္ေဆးတဲ့အေျခအေနေတြမွာ ရွိေနေသးတာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနည်းဆုံးအခကြေးငွေ ၅၆၀ဝ ကျပ်တိုးမြှင့်ပေးဖို့ အလုပ်သမားအဖွဲ့အစည်းတွေ တောင်းဆို

ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေ ၄၈၀ဝ ကျပ်ဟာ လုံလောက်မှုမရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အနည်းဆုံးအခကြေးငွေ ၅၆၀ဝ ကျပ် တိုးမြှင့်ပေးဖို့လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့အနိမ့်ဆုံးလုပ်ခလစာဟာ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် နည်းပါးနေတဲ့ အပြင်ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

အဲဒါကြောင့် မကြာသေးမီက သတ်မှတ်ပြဌာန်းပေးခဲ့တဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀ဝ ကျပ်ဟာ အလုပ်သမားတွေ အတွက်လုံလောက်မှုမရှိတာကြောင့် အရင်ကတောင်းဆိုခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာ ၅၆၀ဝကျပ်ကိုတိုးမြှင့်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ဗဟိုစည်းရုံးရေး ကော်မတီ ကပြောပါတယ် ။

Soundbite ဦးဌေး (တရားလွှတ်တော်ရှေ့နေ)
လွတ်လပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ဗဟိုစည်းရုံးရေးကော်မတီ(အဖွဲ့ဝင်)

ဒါ့အပြင်လက်ရှိမှာ အနည်းဆုံးအခကြေးငွေ ၄၈၀ဝကျပ် အစိုးရကသတ်မှတ်ပေးခဲ့ပေမယ့် လက်တွေ့မှာ မရရှိကြသေးတဲ့ အလုပ်သမားတွေ ရှိနေသလိုတစ်ဘက်မှာလည်း အချိန်ပိုခိုင်းစေ တာတွေရက်မှန်ကြေးအပြည့် အဝမရရှိတဲ့ အတွက်ကြောင့် အလုပ်သမားအဖွဲ့အစည်းတွေ ကစောင့်ကြည့် နေရတဲ့အခြေအနေမှာရှိနေ တာဖြစ်ပါတယ် ။

Soundbite မအိဇင်ဖြိုး (ဥက္ကဋ္ဌ)
ဆပ်ပြာစက်ရုံ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ

ဒါ့အပြင် အနည်းဆုံးအခကြေးငွေ၄၈၀ဝကျပ် သတ်မှတ်ပြဌာန်းပေးခဲ့ပြီးနောက်ပိုင်း အနည်းဆုံး အခကြေးငွေနှုန်းထားအတိုင်း ပေးချေခြင်းမရှိတဲ့ စက်ရုံတွေကိုတိုင်ကြားထားပြီးဖြစ်သော်လည်း အရေးယူ ဆောင်ရွက်ထားခြင်းမရှိသေးပဲ ကွင်းဆင်းစစ်ဆေးတဲ့အခြေအနေတွေမှာ ရှိနေသေးတာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)