
0
221




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်မြို့မှာ အသံဆူညံ အိပ်ဇောတွေကို ကြိတ်နင်းဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျဖြစ်စေရေးနဲ့ ပတ်ဝန်းကျင် ဆူညံမှု တားဆီးရေးအတွက် ဖမ်းဆီးရမိတဲ့ စည်းကမ်းပျက် အသံဆူညံအိပ်ဇောတွေကို ရွှေပြည်တန် လမ်းမကြီးမှာ လမ်းကြိတ်စက်နဲ့ ကြိတ်နင်းဖျက်ဆီးခဲ့ပါတယ်။

(၅၄) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မနေ့က စက်တင်ဘာ ၂၇ ရက်နေ့ အသံဆူညံ အိတ်ဇောတွေကို အခုလို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အသံဆူညံ အိပ်ဇောတွေကို ဖမ်းဆီးပြီး လမ်းကြိတ်စက်နဲ့ ဖျက်ဆီးခဲ့တာ အခုတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက် ဖြစ်ပါတယ်။

ကာလတန်းဖိုး ကျပ်သိန်း ၆၀ ခန့် တန်ဖိုးရှိ ဆူညံအိပ်ဇော ၁၂၁ ခုကို လမ်းကြိတ်စက်နဲ့ ကြိတ်နင်း ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)