လန္ဒန္ရွိ ျမန္မာသံ႐ံုးေရွ႕မွာ Reuters သတင္းေထာက္ေတြ ဖမ္းထားမႈ ဆႏၵျပ

0
192

အစိုးရလွ််ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ခံရတဲ့ Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔နဲ႔ ပတ္သက္ၿပီး မေန႔က စက္တင္ဘာ ၂၇ ရက္ေန႔မွာ လူအနည္းစုက ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပခ်ီတက္ပြဲကို ၂၀၁၃ ခုႏွစ္က အီဂ်စ္မွာ မြတ္စလင္ ညီအစ္ကိုေတာ္မ်ားအဖြဲ႔ သတင္းေရးလို႔ အဖမ္းခံရတဲ့ အယ္လ္ဂ်ာဇီးယား သတင္းေထာက္ မိုဟာမက္ ဖာမီလည္း တက္ေရာက္တယ္လို႔ ဖရန္႔ 24 သတင္းမွာ ေဖာ္ျပထားပါတယ္။ ဖာမီနဲ႔ တျခား ႏွစ္ဦးကို ျပန္လႊတ္ေပးေရး ႏိုင္ငံတကာ လႈပ္ရွားမႈ လုပ္ၿပီးေနာက္ ႏွစ္ႏွစ္အၾကာမွာ လႊတ္ေပးခဲ့ပါတယ္။

ဂ်ာနယ္လစ္ ႏွစ္ေယာက္ အခု ေထာင္က်ေနပါတယ္၊ ဘယ္ေမွ်ာ္လင့္ခ်က္ကို မဆို ဆုပ္ကိုင္ထားခ်င္ပါတယ္၊ ျမန္မာအစိုးရအေပၚ ႏိုင္ငံတကာ ဖိအားေပးမႈနဲ႔ သူတို႔ ႏွစ္ေယာက္ လြတ္ေျမာက္ႏိုင္ပါတယ္လို႔ သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လန်ဒန်ရှိ မြန်မာသံရုံးရှေ့မှာ Reuters သတင်းထောက်တွေ ဖမ်းထားမှု ဆန္ဒပြ

အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နဲ့ ပတ်သက်ပြီး မနေ့က စက်တင်ဘာ ၂၇ ရက်နေ့မှာ လူအနည်းစုက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြချီတက်ပွဲကို ၂၀၁၃ ခုနှစ်က အီဂျစ်မှာ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ သတင်းရေးလို့ အဖမ်းခံရတဲ့ အယ်လ်ဂျာဇီးယား သတင်းထောက် မိုဟာမက် ဖာမီလည်း တက်ရောက်တယ်လို့ ဖရန့် 24 သတင်းမှာ ဖော်ပြထားပါတယ်။ ဖာမီနဲ့ တခြား နှစ်ဦးကို ပြန်လွှတ်ပေးရေး နိုင်ငံတကာ လှုပ်ရှားမှု လုပ်ပြီးနောက် နှစ်နှစ်အကြာမှာ လွှတ်ပေးခဲ့ပါတယ်။

ဂျာနယ်လစ် နှစ်ယောက် အခု ထောင်ကျနေပါတယ်၊ ဘယ်မျှော်လင့်ချက်ကို မဆို ဆုပ်ကိုင်ထားချင်ပါတယ်၊ မြန်မာအစိုးရအပေါ် နိုင်ငံတကာ ဖိအားပေးမှုနဲ့ သူတို့ နှစ်ယောက် လွတ်မြောက်နိုင်ပါတယ်လို့ သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)