ရခိုင္ျပည္နယ္အေရး ကုလက အေထာက္အထား စုေဆာင္းဖို႔ ဆံုးျဖတ္

0
202

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းအေရးမွာ ႏွိပ္ကြပ္မႈေတြနဲ႔ ပတ္သက္လို႔ အေထာက္အထား စုေဆာင္းဖို႔ ႏိုင္ငံတကာအဖြဲ႔တစ္ခု ဖြဲ႔စည္းေရး ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက မေန႔က စက္တင္ဘာ ၂၇ ရက္ေန႔မွာ မဲခြဲ ဆံုးျဖတ္လိုက္ပါတယ္။

လူ႔အခြင့္အေရး ေကာင္စီ အဖြဲ႔ဝင္ ၄၇ ႏိုင္ငံအနက္ ေထာက္ခံမဲ ၃၅ မဲ၊ ကန္႔ကြက္မဲ ၃ မဲ၊ ၾကားေနမဲ ၇ မဲတို႔နဲ႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ စံုစမ္းစစ္ေဆးမယ့္ အဖြဲ႔ဟာ ၂၀၁၁ ခုႏွစ္ကစၿပီး ျမန္မာႏိုင္ငံမွာ က်ဴးလြန္တဲ့ ျပစ္မႈေတြနဲ႔ ပတ္သက္လို႔ အခ်က္အလက္ ေကာက္ယူတာ၊ စုေပါင္းတာ၊ ထိမ္းသိမ္းတာ၊ စိစစ္သံုးသပ္တာေတြ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

ကုလသမဂၢ လံုၿခံဳေရးေကာင္စီရဲ႕ ဒီဆံုးျဖတ္ခ်က္ကို အစၥလာမ္မစ္ ႏိုင္ငံမ်ားအဖဲြ႔ (OIC) နဲ႔ ဥေရာပ သမဂၢတို႔က ပူးတဲြ အဆိုျပဳခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အရေး ကုလက အထောက်အထား စုဆောင်းဖို့ ဆုံးဖြတ်

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးမှာ နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်လို့ အထောက်အထား စုဆောင်းဖို့ နိုင်ငံတကာ အဖွဲ့တစ်ခု ဖွဲ့စည်းရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မနေ့က စက်တင်ဘာ ၂၇ ရက်နေ့မှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံအနက် ထောက်ခံမဲ ၃၅ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၇ မဲတို့နဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမယ့် အဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက် ကောက်ယူတာ၊ စုပေါင်းတာ၊ ထိမ်းသိမ်းတာ၊ စိစစ်သုံးသပ်တာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို အစ္စလာမ်မစ် နိုင်ငံများအဖွဲ့ (OIC) နဲ့ ဥရောပ သမဂ္ဂတို့က ပူးတွဲ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)