SME ဖြံ႕ၿဖိဳးဖို႔  ILO  က နည္းပညာ  ျဖန္႔ေဝမယ္

0
389

ျပည္တြင္း SME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးအတြက္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕အစည္း  ILO  က နည္းပညာ  ျဖန္႔ေဝသြားမယ္လို႔  ILO အေသးစားအလတ္စားပံ့ပိုးေရး စီမံကိန္းမန္ေနဂ်ာMr. Michel Jamar က ေျပာပါတယ္။

စက္တင္ဘာ ၂၇ရက္က ရန္ကုန္၊ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္မွာက်င္းပတဲ့ စီးပြားေရးဆိုင္ရာသင္တန္းဆင္းပြဲတခုမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

စီမံကိန္းမန္ေနဂ်ာ Mr. Michel Jamar က “ျမန္မာႏိုင္ငံမွာ SME လုပ္ငန္းအတြက္ စီးပြားေရး စီမံခန္႔ခြဲမႈ ပညာရပ္ေတြ လိုအပ္ေနပါတယ္။

ဒါေၾကာင့္ အေသးစားအလတ္စား လုပ္ငန္းစတင္ ထူေထာင္လိုသူေတြ လက္ရွိလုပ္ကိုင္ ေနသူေတြအတြက္ စီးပြားေရး စီမံခန္႔ခြဲမႈ သင္တန္းက အမ်ားႀကီး အေထာက္အ ကူေပးႏိုင္မွာ ျဖစ္ပါတယ္။

ဒီသင္တန္းမွာ ေစ်းကြက္ရွာေဖြေရး၊ ကုန္က်စရိတ္ တြက္ခ်က္ျခင္းနဲ႔ ဝန္ထမ္းေတြကို ကိုင္ တြယ္ေရးစတဲ့ စီမံခန္႔ခြဲမႈအေရးႀကီး                   နည္းစနစ္ေတြကို အဓိက ေလ့က်င့္ေပးတာ ျဖစ္ၿပီး ဒီသင္တန္းေတြကေန တစ္ ဆင့္ေဆြးေႏြးဖလွယ္တာေတြ စီးပြားေရး၊          ဂိမ္းကစားနည္းေတြနဲ႔ သင္တန္းသားကို ဗဟိုျပဳ သင္ၾကားေပးတာေၾကာင့္ လက္ေတြ႕အသံုးခ်ႏိုင္မယ့္ ပညာရပ္ေတြရရွိမွာ ျဖစ္ပါတယ္'”လို႔ ေျပာခဲ့တာျဖစ္ေၾကာင္း ကုန္သည္စက္မွုအသင္းသတင္းမွာ ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

SME ဖွံ့ဖြိုးဖို့ ILO က နည်းပညာ ဖြန့်ဝေမယ်

ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO က နည်းပညာ ဖြန့်ဝေသွားမယ်လို့ ILO အသေးစားအလတ်စားပံ့ပိုးရေး စီမံကိန်းမန်နေဂျာMr. Michel Jamar က ပြောပါတယ်။

စက်တင်ဘာ ၂၇ရက်က ရန်ကုန်၊ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာကျင်းပတဲ့ စီးပွားရေးဆိုင်ရာသင်တန်းဆင်းပွဲတခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းမန်နေဂျာ Mr. Michel Jamar က “မြန်မာနိုင်ငံမှာ SME လုပ်ငန်းအတွက် စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်တွေ လိုအပ်နေပါတယ်။

ဒါကြောင့် အသေးစားအလတ်စား လုပ်ငန်းစတင် ထူထောင်လိုသူတွေ လက်ရှိလုပ်ကိုင် နေသူတွေအတွက် စီးပွားရေး စီမံခန့်ခွဲမှု သင်တန်းက အများကြီး အထောက်အ ကူပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဈေးကွက်ရှာဖွေရေး၊ ကုန်ကျစရိတ် တွက်ချက်ခြင်းနဲ့ ဝန်ထမ်းတွေကို ကိုင် တွယ်ရေးစတဲ့ စီမံခန့်ခွဲမှုအရေးကြီး နည်းစနစ်တွေကို အဓိက လေ့ကျင့်ပေးတာ ဖြစ်ပြီး ဒီသင်တန်းတွေကနေ တစ် ဆင့်ဆွေးနွေးဖလှယ်တာတွေ စီးပွားရေး၊ ဂိမ်းကစားနည်းတွေနဲ့ သင်တန်းသားကို ဗဟိုပြု သင်ကြားပေးတာကြောင့် လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်တွေရရှိမှာ ဖြစ်ပါတယ်'”လို့ ပြောခဲ့တာဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းသတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)