ရခိုင္ျပည္နယ္အေရးေၾကာင့္ ျမန္မာ့စီးပြားေရး ထိခိုက္ဖို႔ မရွိ

0
382

ရခိုင္ျပည္နယ္ အေရးေၾကာင့္ ျမန္မာ့စီးပြားေရး ေႏွးေကြး ထိခိုက္ဖို႔ မရွိဘူးလို႔ စီးပြားေရး ပညာရွင္ ခင္ေမာင္ညိဳ (ေဘာဂေဗဒ) က ေျပာပါတယ္။

အခုခ်ိန္အထိ ျမန္မာႏိုင္ငံဟာ အေနာက္ႏိုင္ငံေတြဆီက သိသာထင္ရွားတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈ ေသေသခ်ာခ်ာ မေရေသးေၾကာင္း၊ ရင္းႏွီးျမွဳပ္ႏွံမႈ အမ်ားစုက အိမ္နီးခ်င္းနဲ႔ အာရွႏိုင္ငံေတြဆီက ျဖစ္ေၾကာင္း၊ အေမရိကန္ရဲ႕ စီးပြားေရးပိတ္ဆို႔မႈ ႐ုပ္သိမ္းတယ္ဆိုတာလည္း လြတ္လြတ္ကြ်တ္ကြ်တ္ မဟုတ္ေသးတဲ့အတြက္ မလာေသးတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈကို ေႏွးသြားမယ္လို႔ ေျပာဖို႔ခက္ေၾကာင္း ခင္ေမာင္ညိဳ (ေဘာဂေဗဒ) က ေၾကးမံုသတင္းစာပါ ေဆာင္းပါးမွာ သံုးသပ္ထားပါတယ္။

အခု ျပႆနာျဖစ္ေနတဲ့ ေနရာေတြက ကမာၻလွည့္ခရီးသည္ေတြ အသြားအလာ မ်ားတဲ့ ေဒသမဟုတ္လို႔ ခရီးသြားလုပ္ငန္းအေပၚ တိုက္႐ိုက္အက်ိဳးသက္ေရာက္မႈ မရွိႏိုင္ေပမယ့္ အစိုးရိမ္ လြန္ကဲၿပီး ခရီးစဥ္ဖ်က္သူ ရွိေကာင္းရွိႏိုင္ေၾကာင္း၊ ရခိုင္ျပည္နယ္ ျပႆနာဟာ ၂၀၁၂ ခုႏွစ္ကတည္းက စျဖစ္ခဲ့ေပမယ့္ ရင္းႏွီးျမွဳပ္ႏွံမႈ က်မသြားတဲ့အျပင္ တစ္စစ တက္လာတယ္လို႔လည္း ခင္ေမာင္ညိဳ (ေဘာဂေဗဒ) က ေျပာပါတယ္။
………………….. ။ ။ …………………

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာ့စီးပွားရေး ထိခိုက်ဖို့ မရှိ

ရခိုင်ပြည်နယ် အရေးကြောင့် မြန်မာ့စီးပွားရေး နှေးကွေး ထိခိုက်ဖို့ မရှိဘူးလို့ စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

အခုချိန်အထိ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေဆီက သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှု သေသေချာချာ မရေသေးကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အများစုက အိမ်နီးချင်းနဲ့ အာရှနိုင်ငံတွေဆီက ဖြစ်ကြောင်း၊ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းတယ်ဆိုတာလည်း လွတ်လွတ်ကျွတ်ကျွတ် မဟုတ်သေးတဲ့အတွက် မလာသေးတဲ့ ရင်းနှီးမြှုပ်နှံမှုကို နှေးသွားမယ်လို့ ပြောဖို့ခက်ကြောင်း ခင်မောင်ညို (ဘောဂဗေဒ) က ကြေးမုံသတင်းစာပါ ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

အခု ပြဿနာဖြစ်နေတဲ့ နေရာတွေက ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာ များတဲ့ ဒေသမဟုတ်လို့ ခရီးသွားလုပ်ငန်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိနိုင်ပေမယ့် အစိုးရိမ် လွန်ကဲပြီး ခရီးစဉ်ဖျက်သူ ရှိကောင်းရှိနိုင်ကြောင်း၊ ရခိုင်ပြည်နယ် ပြဿနာဟာ ၂၀၁၂ ခုနှစ်ကတည်းက စဖြစ်ခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံမှု ကျမသွားတဲ့အပြင် တစ်စစ တက်လာတယ်လို့လည်း ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)