ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသူေတြကို စခန္း ၂ ခုဖြင့္ၿပီး စိစစ္လက္ခံမယ္

0
303

အၾကမ္းဖက္တိုက္ခိုက္မွုေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးသြားၾကသူေတြကို ေတာင္ၿပိဳလက္၀ဲနဲ႔ ငါးခူရ စခန္း ၂ ခုတို႔မွာ စိစစ္လက္ခံသြားမယ္လို႔ အစိုးရက သတင္းထုတ္ျပန္ ပါတယ္။

ကုန္းလမ္းက ျပန္လာမယ့္သူေတြကို ေတာင္ၿပိဳလက္၀ဲစခန္း၊ေရလမ္းက ျပန္လာၾကမယ့္သူေတြကို ငါးခူရစခန္းတို႔ကေန စိစစ္လက္ခံမွာျဖစ္တယ္လို႔ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက ေျပာပါတယ္။

စက္တင္ဘာ ၂၇ ရက္က ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံျပဳခ်က္မ်ား အေပၚ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရးေကာ္မတီ အစည္းအေ၀းအၿပီး ၀န္ၾကီးက သတင္းေထာက္ ေတြကို ေျပာခဲ့တာ ျဖစ္ပါတယ္။

ကုလသမဂၢရဲ႕ထုတ္ျပန္ခ်က္အရ ရခိုင္အၾကမ္းဖက္တိုက္ခိုက္မွုအတြင္း ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားသူေပါင္း ေလးသိန္းေက်ာ္ ရွိပါတယ္။
………………… ။ ။ ………………….

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို စခန်း ၂ ခုဖွင့်ပြီး စိစစ်လက်ခံမယ်

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရ စခန်း ၂ ခုတို့မှာ စိစစ်လက်ခံသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန် ပါတယ်။

ကုန်းလမ်းက ပြန်လာမယ့်သူတွေကို တောင်ပြိုလက်ဝဲစခန်း၊ရေလမ်းက ပြန်လာကြမယ့်သူတွေကို ငါးခူရစခန်းတို့ကနေ စိစစ်လက်ခံမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးအပြီး ဝန်ကြီးက သတင်းထောက် တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူပေါင်း လေးသိန်းကျော် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)