ရှမ်းပြည်နယ်အတွင်း ရှမ်းပါတီတွေကလွဲလို့ အခြားပါတီတွေ စည်းရုံးရေးခက်ခဲ

0
299

ရှမ်းပြည်နယ်အတွင်း ရှမ်းပါတီတွေကလွဲလို့ အခြားပါတီတွေအနေနဲ့ ကျေးလက်ဒေသတွေအထိ သွားရောက်ပြီး စည်းရုံးရေးလုပ်ဆောင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

ရှမ်းပြည်နယ်အတွင်း နေထိုင်သူ (၈၀) ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေပြည်သူတွေဖြစ်နေပြီး သူတို့နေထိုင်ရာ ကျေးရွာတွေအထိ လိုက်လံစည်းရုံးနိုင်ဖို့ နိုင်ငံရေးပါတီတွေအနေနဲ့ ရာသီဥတုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကို တွေ့ကြုံနေရတာပါ။
“အခုအနေထားက ဟောပြောဖို့ ညပိုင်းတွေသွားရတာ။ တောင်သူတွေက စိုက်ပျိုးဖို့ လုံးပန်းနေရတော့ နေပိုင်းမအားဘူး။ မိုးရွာထားလို့ တစ်ချို့တောင်ပေါ်ရွာတွေကို သွားဖို့ကမလွယ်ဘူး။ အဲလိုအနေထားမှာ စည်းရုံးဟောပြောဖို့သွားနိုင်တာ ရှမ်းပါတီနှစ်ခုပဲရှိတယ၊် အခြားပါတီတွေကတော့ မြို့ပေါ်မှာလောက်ပဲ ဟောပြောနိုင်ကြတယ်” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။
ဒီလို စည်းရုံးရေးအတွက် အခက်အခဲတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အခြားပါတီ တွေအပေါ် စိတ်ဝင်စားမှုနည်းပါးနေပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေအပေါ် စိတ်ဝင်စားမှု ပိုရနေတယ်လို့ လည်း သူကဆိုပါတယ်။
12036606_913054702075682_9087528103508105644_nဒါပေမယ့် ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဒေသအချို့မှာ မဲဆွယ်စည်းရုံးရေးကာလ စတင်ချိန် မတိုင်မီ ကတည်းက ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ လက်ရှိအချိန် ဆက်လက်ဖြစ်ပွားနေတာကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို မဆောင်ရွက်နိုင်သေးဘူး လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
“ရှမ်းပြည်နယ်မှာရှိတဲ့ ပြည်သူတွေကတော့ ရှမ်းပါတီ နှစ်ခုဘဲစိတ်ဝင်စားကြတယ်။ အခြားပါတီတွေကို စိတ်ဝင်စားမှု မရှိကြဘူး။ ၂၀၁၀ တုံးကဆို စည်းရုံးဟောပြောဖို့ လူစုတာ မလာကြလို့ ကြံ့ခိုင်ရေးနဲ့ တ.စ.ညက တစ်အိမ်ချင်း လိုက်ဟောပြောရတယ်”လို့ မြန်မာကေဘယ်နက်ဝင်ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ရာနှုန်းပြည့် အောင်နိုင်ရေးအတွက် အဓိကထား လုပ် ဆောင်နေတယ်လို့ဆိုပေမယ့် ရှမ်းပြည်နယ်ရဲ့ အောင်နိုင်ရေးကတော့ ခက်ခဲတယ်လို့ NLD ပါတီ ဗဟို အောင်နိုင်ရေးအဖွဲ့ဝင် ဦးဝင်းထိန်က စက်တင်ဘာ၂၁ ရက်နေ့ တရားဝင် ပြောဆိုထားပါတယ်။
“ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ်မြေအားလုံးမှာ ၀င်ပြိုင်မဲ့ ပါတီကြီးဖြစ်တဲ့အတွက် ပြည်သူတွေက စိတ်ဝင်စားကြပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောင်ခမ်း စည်းရုံးရေးလုပ်နေပါပြီ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကလွဲလို့ အခြားနေရာအားလုံးကအခြေနေကောင်းပါတယ်။ ရှမ်းပြည်နယ်မှာ ရှမ်း တိုင်းရင်းတွေကြည့်ပဲနေတာမဟုတ်ဘူးလေ။ အခြားတိုင်းရင်းသားတွေလည်းနေကြပါတယ်” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က မြန်မာကေဘယ်နက်ဝက်ရဲ့ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေဆိုထားပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော် ၀င်ရောက်ယှင်ပြိုင်ဖို့ရှိနေရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၂၀၇ ဦး နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ကိုယ်စားလှယ်လောင်း ၁၅၈ ဦး အသီးသီး ၀င်ရောက်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)