∎ ရခိုင်ပြည်နယ်က ကူးစက်မှုနှုန်း မြင့်မားနေတဲ့ ကိုဗစ်-၁၉ ရောဂါအတွက် ၁၆.၇ ဘီလျှံ အသုံးပြုနေဟုဆို

0
2171

❖ ရခိုင်ပြည်နယ်အတွင်းမှာ ကူးစက်မှုနှုန်း မြင့်မားနေတဲ့ ကိုဗစ်-၁၉ ရောဂါအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဝန်ကြီးဌာနတွေက စုစုပေါင်း ကျပ်ငွေ ၁၆.၇ ဘီလျှံလောက် အသုံးပြုဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

❖ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး၊ ကုသရေးစတဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ၁၄.၈ ဘီလျှံ၊ ရခိုင်ပြည်နယ်အစိုးရက ၁.၅၆၆ ဘီလျှံနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သန်းပေါင်း ၃၁၀ ကျော် အသုံးပြုထားတယ်လို့ သူက ဆိုတာပါ။

❖ ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အင်တာနက်ကတဆင့် ပြုလုပ်တဲ့ ရုပ်သံစကားဝိုင်းမှာ ဦးညီပုက ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)