ရေဘေးသင့်ပြည်သူတွေအတွက် ရည်ရွယ်ပြီး ပန်းချီပြပွဲပြုလုပ်

0
118







ရေဘေးသင့် ပြည်သူတွေအတွက်ရည်ရွယ်ပြီး အနော်ရထာပန်းချီပြခန်းက ပြန်လည်ထူထောင်ရေး ရန်ပုံငွေပန်းချီပြပွဲ ပြုလုပ်သွားဖို့ရှိနေပါတယ် ။ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

လက်ရှိမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတစ်ချို့မှာ ရေဘေးသင့် ပြည်သူတွေအတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့မှာ စက်တင်ဘာလ ၁ရက်နေ့က ၇ ရက်နေ့အထိ ရန်ပုံငွေပန်းချီပြပွဲကို အနော်ရထာပန်းချီ ပြခန်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Soundbite – ပန်းချီ ဦးဌေးအောင် (ဥက္ကဌ)
အနော်ရထာ ပန်းချီပြခန်း

ဒီပြပွဲမှာနာမည် ကျော် ပန်းချီဆရာကြီးတွေရဲ့ပန်းချီကားတွေကို လေလံတင်ရောင်းချသွားမှာဖြစ်သလို ကျန်ပန်းချီကားတွေကိုတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီကရရှိတဲ့ ရောင်းချငွေ ၅၀ ရာခိုင်နှုန်းကို ရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။

Soundbite – ပန်းချီ ဦးဌေးအောင် (ဥက္ကဌ)
အနော်ရထာ ပန်းချီပြခန်း

ပြပွဲမှာလေလ့တင်ရောင်းချခဲ့ရတဲ့ပန်းချီကားရောင်းရငွေေတွေကို Savious ဖောင်ဒေးရှင်းကဦးဆောင်ပြီး သွားရောက်လှူဒါန်းပေးမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)