ရန္ကုန္ျမစ္ထဲ ဆီတြဲေရယာဥ္ ေပါက္ကြဲမႈ ႏွစ္ဦးေသဆံုး

0
128

ဒလၿမိဳ႕နယ္၊ ခေနာင္မီးျခစ္စက္ေက်းရြာအနီးရွိ ရန္ကုန္ျမစ္ထဲမွာ ၾသဂုတ္ ၂၇ ရက္ ညေနပုိင္းက ဆီတြဲေရယာဥ္ တစ္စီးေပၚမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသားႏွစ္ဦး ေသဆံုးခဲ့ၿပီး ႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ ေရယာဥ္ကေတာ့ ဆုရတနာေသာင္းထြန္း အမည္ရွိတဲ့ ဆြဲတြဲေရယာဥ္ျဖစ္ပါတယ္။

ေရယာဥ္ေပၚမွာရွိတဲ့ ဆီသိုေလွာင္ကန္ ၁၀ ကန္ကို  တိုင္းတာဖို႔အတြက္ ၀ရိန္အလုပ္သမား ေလးဦးက ဆီတုိင္းကိရိယာေတြ တပ္ဆင္ၿပီးေနာက္ ဆယ္ကန္ေျမာက္ကန္ကို ျပဳျပင္ဖို႔ မီးေဂါက္နဲ႔ ျဖတ္စဥ္မွာ  အပူလြန္ကဲၿပီးေတာ့ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာပါ။

ေပါက္ကြဲမႈေၾကာင့္ ၀ရိန္သမားေတြျဖစ္တဲ့ ကိုစိန္ႀကီး(ခ)စိန္ထြန္း ၂၈ ႏွစ္မွာ ေပါက္ကြဲမႈအရွိန္ေၾကာင့္ လြင့္စင္ထြက္သြားၿပီး ကိုေဇယ်ာမင္း ၂၉ ႏွစ္ကေတာ့ အခင္းျဖစ္တဲ့ေနရာမွာတင္ ေသဆံုးခဲ့ပါတယ္။ က်န္တဲ့ ၀ရိန္သမားေတြကေတာ့ ျပတ္ရွဒဏ္ရာေတြ ရရွိခဲ့တဲ့အတြက္  ရန္ကုန္ျပည္သူ႔ေဆး႐ံုကို ပို႔ေဆာင္ခဲ့ရပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဦးမ်ိဳးေက်ာ္ဦးကို ဆိပ္ကမ္းၿမိဳ႕မရဲစခန္းက (ပ)၃၅၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄(က) ၃၃၇ တို႔နဲ႔ အမႈဖြင့္ထားေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

ရန်ကုန်မြစ်ထဲ ဆီတွဲရေယာဉ် ပေါက်ကွဲမှု နှစ်ဦးသေဆုံး


ဒလမြို့နယ်၊ ခနောင်မီးခြစ်စက်ကျေးရွာအနီးရှိ ရန်ကုန်မြစ်ထဲမှာ သြဂုတ် ၂၇ ရက် ညနေပိုင်းက ဆီတွဲရေယာဉ် တစ်စီးပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရေယာဉ်ကတော့ ဆုရတနာသောင်းထွန်း အမည်ရှိတဲ့ ဆွဲတွဲရေယာဉ်ဖြစ်ပါတယ်။


ရေယာဉ်ပေါ်မှာရှိတဲ့ ဆီသိုလှောင်ကန် ၁၀ ကန်ကို တိုင်းတာဖို့အတွက် ဝရိန်အလုပ်သမား လေးဦးက ဆီတိုင်းကိရိယာတွေ တပ်ဆင်ပြီးနောက် ဆယ်ကန်မြောက်ကန်ကို ပြုပြင်ဖို့ မီးဂေါက်နဲ့ ဖြတ်စဉ်မှာ အပူလွန်ကဲပြီးတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။


ပေါက်ကွဲမှုကြောင့် ဝရိန်သမားတွေဖြစ်တဲ့ ကိုစိန်ကြီး(ခ)စိန်ထွန်း ၂၈ နှစ်မှာ ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်ထွက်သွားပြီး ကိုဇေယျာမင်း ၂၉ နှစ်ကတော့ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ဝရိန်သမားတွေကတော့ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။


ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးမျိုးကျော်ဦးကို ဆိပ်ကမ်းမြို့မရဲစခန်းက (ပ)၃၅၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ၃၃၇ တို့နဲ့ အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)