
0
96




ဒုက္ခသည်တွေ နေရပ်ပြန်ရေး သံတမန်ရေးအရ မအောင်မြင်ကြောင်း ဟာဆီနာ အစိုးရကို အတိုက်အခံတွေ ဝေဖန်


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ဒုက္ခသည်တွေ နေရပ်ပြန်ရေး သံတမန်ရေးအရ အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းမရှိဘူးလို့ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီက ဝေဖန်လိုက်ပါတယ်။


ဘင်္ဂါလီတွေ ဝင်လာတာ ၂ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ဒါပေမယ့် ဟာစီနာ ဦးဆောင်တဲ့ အစိုးရဟာ ဘင်္ဂါလီ ၁၀ ဦး ပြည့်အောင်တောင် ပြန်မပို့နိုင်သေးကြောင်း၊ ဘင်္ဂါလီ အကျပ်အတည်း ဖြေရှင်းဖို့ လက်ရှိအစိုးရက ဘာမှ မလုပ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီ အကြီးတန်း တွဲဖက် အတွင်းရေးမှူး ရာဟူး ကဘီရ် ရစ်ဇ်ဗီက ပြောပါတယ်။


ဟာဆီနာ အစိုးရဟာ အဖက်ဖက်မှာ ကျရှုံးနေကြောင်း၊ ဘင်္ဂါလီတွေ နေရပ်ပြန်ရေး မြန်မာအစိုးရကို နားဝင်အောင် ပြောနိုင်ခြင်း မရှိကြောင်း နာယာပယ်လ်တန်ရှိ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီရုံးချုပ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)