
0
92




၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၁၀ လတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိ


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ ၁၀ လတာအတွင်း နိုင်ငံခြားလုပ်ငန်း ၂၂၄ ခုရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကနေ အခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) တွေ ပိုမိုဝင်ရောက်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရှိပါတယ်။ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍကတော့ ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၄ သန်း ရှိပါတယ်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနဲ့ ငါးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းတို့မှာလည်း ဝင်ရောက်နေပါတယ်။ ဒါပေမယ့် အခု ဘဏ္ဍာရေးနှစ် ကာလအတွင်း မြန်မာနိုင်ငံရဲ့ သတ္တုတူးဖော်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိကြောင်း DICA ရဲ့ အချက်အလက်တွေမှာ တွေ့ရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)