ဒုကၡသည္စခန္းမွာ ဘဂၤါလီ သံုးဦးေျမာက္ ပစ္သတ္ခံရ

0
166

ဘဂၤလားေဒ့ရွ္ ေဒသခံ ႏိုင္ငံေရးပါတီဝင္ တစ္ဦးကို သတ္တယ္လို႔ စြပ္စြဲခံရသူ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္တစ္ဦးကို ဘဂၤလားေဒ့ရွ္ ရဲက ပစ္သတ္လိုက္ၿပီး ဒီရက္ပိုင္းအတြင္း ရဲက ပစ္သတ္လိုက္တဲ့ သံုးဦးေျမာက္ ဘဂၤါလီ ျဖစ္ပါတယ္။

ဂ်ာဒီမူရာ ဒုကၡသည္စခန္းမွာ ရာဇဝတ္ဂိုဏ္းသား ဘဂၤါလီျဖစ္သူ မိုဟာမက္ ဟာဆန္ကို ဖမ္းဆီးဖို႔ စီးနင္းရွာေဖြစဥ္ မိုဟာမက္ ဟာဆန္က အရာရွိေတြကို ေသနတ္နဲ႔ ျပန္လည္ ခုခံပစ္ခတ္ခဲ့ပါတယ္။ မိုဟာမက္ ဟာဆန္ဟာ အဝါမီ လိဂ္ ပါတီ လူငယ္အဖြဲ႔ဝင္ အိုမာ ဖာရြတ္ဆိုသူကို ၾသဂုတ္လ ၂၂ ရက္ေန႔က ေခါင္းကို ေသနတ္နဲ႔ ပစ္သတ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႔အႀကီးအကဲ ပ႐ိုဒိ ကူးမား ဒတ္စ္က ေျပာပါတယ္။

ႏိုင္ငံေရးပါတီဝင္ တစ္ဦးကို ဘဂၤါလီတစ္ဦးက သတ္ျဖတ္တဲ့အတြက္ ေဒသခံေတြဟာ ေဒါသထြက္ခဲ့ၾကပါတယ္။ ၾသဂုတ္လ ၂၄ ရက္ေန႔ကလည္း လူသတ္မႈမွာ ပါဝင္တဲ့ ဘဂၤါလီ ႏွစ္ဦးကို အဲဒီ ဒုကၡသည္စခန္းမွာပဲ ဘဂၤလားေဒ့ရွ္ ရဲေတြက ပစ္သတ္ခဲ့တယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

ဒုက္ခသည်စခန်းမှာ ဘင်္ဂါလီ သုံးဦးမြောက် ပစ်သတ်ခံရ


ဘင်္ဂလားဒေ့ရှ် ဒေသခံ နိုင်ငံရေးပါတီဝင် တစ်ဦးကို သတ်တယ်လို့ စွပ်စွဲခံရသူ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲက ပစ်သတ်လိုက်ပြီး ဒီရက်ပိုင်းအတွင်း ရဲက ပစ်သတ်လိုက်တဲ့ သုံးဦးမြောက် ဘင်္ဂါလီ ဖြစ်ပါတယ်။


ဂျာဒီမူရာ ဒုက္ခသည်စခန်းမှာ ရာဇဝတ်ဂိုဏ်းသား ဘင်္ဂါလီဖြစ်သူ မိုဟာမက် ဟာဆန်ကို ဖမ်းဆီးဖို့ စီးနင်းရှာဖွေစဉ် မိုဟာမက် ဟာဆန်က အရာရှိတွေကို သေနတ်နဲ့ ပြန်လည် ခုခံပစ်ခတ်ခဲ့ပါတယ်။ မိုဟာမက် ဟာဆန်ဟာ အဝါမီ လိဂ် ပါတီ လူငယ်အဖွဲ့ဝင် အိုမာ ဖာရွတ်ဆိုသူကို သြဂုတ်လ ၂၂ ရက်နေ့က ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ ပရိုဒိ ကူးမား ဒတ်စ်က ပြောပါတယ်။


နိုင်ငံရေးပါတီဝင် တစ်ဦးကို ဘင်္ဂါလီတစ်ဦးက သတ်ဖြတ်တဲ့အတွက် ဒေသခံတွေဟာ ဒေါသထွက်ခဲ့ကြပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့ကလည်း လူသတ်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ နှစ်ဦးကို အဲဒီ ဒုက္ခသည်စခန်းမှာပဲ ဘင်္ဂလားဒေ့ရှ် ရဲတွေက ပစ်သတ်ခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)