မန္တလေးမြို့မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် လျော့ကျ

0
315

မန္တလေးမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက်ကို ရောက်ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သိရပါတယ်။

သြဂုတ်လ၂၈ ရက်နေ့ မနက်ပိုင်းတိုင်းတာချက်အရ မြစ်ရေမှတ် ၁၂၁၄ ဖြစ်ပြီး စိုးရိမ်ရေမှတ်အောက် လျော့ကျသွားခဲ့သလို ဆက်လက် ကျဆင်းသွားဖို့ခန့်မှန်ထားကြတာပါ။ လာမယ့်မိုးကုန်ပိုင်း စက်တင်ဘာလ ပိုင်းမှာရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ချေကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။

မြစ်ရေမြင့်တက်တဲ့အတွက် ရှမ်းကလေးကျွန်း တောင်သမန်အင်း တရုတ်တန်းလေး စစ်ကိုင်းမင်းကွန်းလမ်းတို့မှာ ရေနစ်မြုပ်တာတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)