တတိယပင်လုံလုပ်ဖို့ ကြိုပြင်ပြီ

0
346

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံဆိုင်ရာပြန်လည်သုံးသပ်ခြင်းနဲ့ နောက်တကြိမ်ကျင်းပဖို့ ကြိုတင်ပြင်ဆင်ခြင်း စားပွဲပိုင်းကို နေပြည်တော်မှာ ဒီနေ့ မနက် ပြုလုပ်ခဲ့ပါတယ်။

စားပွဲဝိုင်းကို ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေ ဌာနဆိုင်ရာဝန်ကြီးတွေ တပ်မတော်သား ကိုယ်စားလှယ်တွေ  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၈၈ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူတွေ ပညာရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အစိုးရက တတိယအကြိမ်ပင်လုံညီလာခံကို လာမယ့် နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာမှာ လုပ်ဖို့ စီမံစိုင်းပြင်းနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)