SME လုပ်ငန်းရှင်များကို စက်တင်ဘာကစလို့ ကျပ်သိန်း ၁၀၀၀ ချေးမယ်

0
267

ပြည်တွင်းအသေးစား၊ အလတ်စား လုပ်ငန်း (SME)ရှင်များကို အခုနှစ် စက်တင်ဘာလကစပြီး အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးပေးဖို့ရှိတယ်လို့ စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်အတွင်း  အုတ်တွင်း မဲဆန္ဒနယ်က ဒေါ်ချိုချို ရဲ့ SME လုပ်ငန်းများ ယိုင်နဲ့ရပ်ဆိုင်းနှောင့်နှေးခြင်းများ မဖြစ်ပေါ် စေရန်နဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန်အတွက် လိုအပ်ချက် အရပ်ရပ်ကို ပံ့ပိုးကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဖြေရင်း စက်မှုဝန်ကြီး ပြောခဲ့တာပါ။

ဂျာမနီအစိုးရအကူအညီနဲ့ SME လုပ်ငန်းရှင်များကို ထုတ်ချေးပေးမှာဖြစ်ပြီး အပေါင်ပစ္စည်း ပါရှိသူရော မပါရှိသူလုပ်ငန်းရှင်များကို ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။

ပြည်နယ်တိုင်းအသီးသီးရှိ SME လုပ်ငန်းရှင်များနဲ့ လုပ်ငန်းစတင်လိုသူများ ချေးငွေလျှာက်ထားနိုင်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)