ပြည်ပကို ထွက်ခွာလိုသူတွေအတွက် လေယာဉ်တွေ ညှိနှိုင်းစီစဉ်ပေးမယ်လို့ အစိုးရ ကြေညာ

0
486

နိုင်ငံတကာ ခရီးသည်လေယာဉ်တွေ ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်း ပြည်ပသို့ အကြောင်းအမျိုးမျိုးနဲ့ အရေးပေါ် ထွက်ခွာလိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် လေယာဉ်တွေ စီစဉ်ပေးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်ပမှာ ဆေးကုသမှုနဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ် သွားရောက်လိုသူတွေ၊ ပြည်ပမှာ အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရန် လိုအပ်နေတဲ့ အလုပ်သမားတွေ၊ သင်္ဘောသားတွေ၊ ပြည်ပ ပညာတော်သင်တွေ၊ တခြား အကြောင်းအမျိုးမျိုးနဲ့ ပြည်ပသို့ အရေးပေါ်သွားရောက်ရန် လိုအပ်နေ သူတွေအတွက် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) တွေ၊ အထူးလေယာဉ် (Special Flight) တွေမှာ လိုက်ပါခွင့် ရရှိစေရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်‌ပေးသွားမယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စီစဉ်ဆောင်ရွက်ပေးမှာတွေကတော့ မြန်မာနိုင်ငံမှ ထွက်ခွာမယ့် Relief Flight, Special Flight နဲ့ Cargo Flight အချိန်ဇယားတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းညှိနှိုင်း ကြေညာသွားမှာ ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများမှ သတ်မှတ်ထားတဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအလိုက် လိုအပ်တဲ့ အထောက်အထားစာရွက် စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားရှိရမှာ ဖြစ်ပြီး ပြည်ဝင်ဗီဇာ လျှောက်ထားခြင်းကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာသံရုံးတွေမှာ မိမိအစီအစဉ်နဲ့ တိုက်ရိုက်လျှောက်ထားရမှာပါ။

ပြည်ပသို့ အရေးတကြီး သွားရောက် လိုသူတွေအနေနဲ့ လျာထား ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များအရ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့အတူ ကြိုတင် စာရင်းပေးသွင်းပြီးနောက် အဆိုပါ လေကြောင်းလိုင်းများမှ ခရီးသည်တွေ သွားရောက်မယ့်နိုင်ငံတွေရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိသူ စာရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက် ပေးပို့မှာ ဖြစ်ပါတယ်။

ခရီးသည်စာရင်းကို ချမှတ်ထားတဲ့ ဦးစားပေးအစီအစဉ်အလိုက် စိစစ်ပြီး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ခွင့်ပြုချက်တောင်းခံကာ ကယ်ဆယ်ရေး / အထူးလေယာဉ်တွေမှာ လိုက်ပါနိုင်ရေးအတွက် လိုအပ်တာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သံရုံးတွေနဲ့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာပါ။

ပြည်ပသို့ သွားရောက်လိုသူတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လိုအပ်ချက်အရ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲစစ်ဆေးချက် ရယူနိုင်ရေး အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) တို့မှာ မိမိအစီအစဉ်နဲ့ ဓာတ်ခွဲစစ်ဆေးခြင်း ခံယူရမှာပါ။

ထုတပြှနခြကွြ အသေးစိတကြို နိုငငြံခှားရေးဝနကြှီးဌာနက Facebook လူမှုမီဒီယာမှာ ဝငရြောကြ ကှည့ရြှုနိုငပြါတယြ။

__________________

__________________

ပွညျပကို ထှကျခှာလိုသူတှအေတှကျ လယောဉျတှေ ညှိနှိုငျးစီစဉျပေးမယျလို့ အစိုးရ ကွညော

နိုင်ငံတကာ ခရီးသည်လေယာဉ်တွေ ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်း ပြည်ပသို့ အကြောင်းအမျိုးမျိုးနဲ့ အရေးပေါ် ထွက်ခွာလိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် လေယာဉ်တွေ စီစဉ်ပေးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်ပမှာ ဆေးကုသမှုနဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ် သွားရောက်လိုသူတွေ၊ ပြည်ပမှာ အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရန် လိုအပ်နေတဲ့ အလုပ်သမားတွေ၊ သင်္ဘောသားတွေ၊ ပြည်ပ ပညာတော်သင်တွေ၊ တခြား အကြောင်းအမျိုးမျိုးနဲ့ ပြည်ပသို့ အရေးပေါ်သွားရောက်ရန် လိုအပ်နေ သူတွေအတွက် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) တွေ၊ အထူးလေယာဉ် (Special Flight) တွေမှာ လိုက်ပါခွင့် ရရှိစေရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်‌ပေးသွားမယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စီစဉ်ဆောင်ရွက်ပေးမှာတွေကတော့ မြန်မာနိုင်ငံမှ ထွက်ခွာမယ့် Relief Flight, Special Flight နဲ့ Cargo Flight အချိန်ဇယားတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းညှိနှိုင်း ကြေညာသွားမှာ ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများမှ သတ်မှတ်ထားတဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအလိုက် လိုအပ်တဲ့ အထောက်အထားစာရွက် စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားရှိရမှာ ဖြစ်ပြီး ပြည်ဝင်ဗီဇာ လျှောက်ထားခြင်းကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာသံရုံးတွေမှာ မိမိအစီအစဉ်နဲ့ တိုက်ရိုက်လျှောက်ထားရမှာပါ။

ပြည်ပသို့ အရေးတကြီး သွားရောက် လိုသူတွေအနေနဲ့ လျာထား ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များအရ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့အတူ ကြိုတင် စာရင်းပေးသွင်းပြီးနောက် အဆိုပါ လေကြောင်းလိုင်းများမှ ခရီးသည်တွေ သွားရောက်မယ့်နိုင်ငံတွေရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိသူ စာရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက် ပေးပို့မှာ ဖြစ်ပါတယ်။

ခရီးသည်စာရင်းကို ချမှတ်ထားတဲ့ ဦးစားပေးအစီအစဉ်အလိုက် စိစစ်ပြီး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ခွင့်ပြုချက်တောင်းခံကာ ကယ်ဆယ်ရေး / အထူးလေယာဉ်တွေမှာ လိုက်ပါနိုင်ရေးအတွက် လိုအပ်တာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သံရုံးတွေနဲ့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာပါ။

ပြည်ပသို့ သွားရောက်လိုသူတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လိုအပ်ချက်အရ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲစစ်ဆေးချက် ရယူနိုင်ရေး အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) တို့မှာ မိမိအစီအစဉ်နဲ့ ဓာတ်ခွဲစစ်ဆေးခြင်း ခံယူရမှာပါ။

ထုတ်ပြန်ချက် အသေးစိတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက Facebook လူမှုမီဒီယာမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)