ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေး အာဆီယံ-မြန်မာ ဆွေးနွေး

0
818

ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်မှာ အာဆီယံက ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး အာဆီယံ-မြန်မာ တတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှာ ကျင်းပပါတယ်။

အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အာဆီယံအတွင်းရေးမှူးချုပ် ဒါတို လင်း ဂျော့ခ် ဟွိုင်တို့က အဖွင့်အမှာစကား ပြောကြားပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ AHA Centre တို့ ပူးပေါင်းပါဝင်မှုနဲ့ ဘင်္ဂလားဒေ့ရှ် ကောက်ဘဇားမြို့ရှိ နေရပ်စွန့်ခွာသူတွေထံ နှစ်ကြိမ်တိုင် သွားရောက်မျှဝေနိုင်ခဲ့ကြောင်း၊ UNHCR, UNDP တို့ရဲ့ ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ လုပ်ငန်းတွေကို ဆက်လက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာသူတွေ ပြန်လည် နေရာချထားရေး၊ IDP စခန်းတွေ ပိတ်သိမ်းရေး ညှိနှိုင်းအစည်းအဝေးတွေနဲ့ ရပ်ရွာလူထုဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ကြောင်း ပြောကြားပါတယ်။

ဒါ့အပြင် IDP စခန်းတွေနဲ့ ယာယီ နေရပ်စွန့်ခွာတဲ့နေရာတွေမှာ COVID-19 ရောဂါ ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးဆောင်ရွက်မှု၊ စားနပ်ရိက္ခာထောက်ပံ့မှု စတာတွေကိုလည်း ပြောကြားပါတယ်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဆန်းစစ်ချက်ပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး ပံ့ပိုးမှုတွေ ဆက်လုပ်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ COVID-19 ထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းတွေမှာလည်း အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးစနစ်ကတစ်ဆင့် လိုအပ်တာတွေကို ပံ့ပိုးပေးဖို့ အသင့်ရှိကြောင်း ပြောပါတယ်။

အခု အစညြးအဝေးကို ပှညထြောငစြုဝနကြှီးတှေ၊ ရခိုငပြှညနြယြ ဝနကြှီးခွုပြ၊ ဒုတိယ ဝနကြှီးတှေ၊ ဆကစြပဝြနကြှီးဌာနက အဆင့မြှင့အြရာရှိတှေ၊ UEHRD ကောမြတီဝငတြှေ၊ AHA Centre က အမှုဆောငြ ညှှနကြှားရေးမှူးတို့လညြး တကရြောကခြဲ့ကှပါတယြ။

_________________

_________________

ရခိုငျပွညျနယျမှာ နရေပျစှနျ့ခှာသူတှေ ပွနျလကျခံရေး အာဆီယံ-မွနျမာ ဆှေးနှေး

ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်မှာ အာဆီယံက ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး အာဆီယံ-မြန်မာ တတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှာ ကျင်းပပါတယ်။

အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အာဆီယံအတွင်းရေးမှူးချုပ် ဒါတို လင်း ဂျော့ခ် ဟွိုင်တို့က အဖွင့်အမှာစကား ပြောကြားပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ AHA Centre တို့ ပူးပေါင်းပါဝင်မှုနဲ့ ဘင်္ဂလားဒေ့ရှ် ကောက်ဘဇားမြို့ရှိ နေရပ်စွန့်ခွာသူတွေထံ နှစ်ကြိမ်တိုင် သွားရောက်မျှဝေနိုင်ခဲ့ကြောင်း၊ UNHCR, UNDP တို့ရဲ့ ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ လုပ်ငန်းတွေကို ဆက်လက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာသူတွေ ပြန်လည် နေရာချထားရေး၊ IDP စခန်းတွေ ပိတ်သိမ်းရေး ညှိနှိုင်းအစည်းအဝေးတွေနဲ့ ရပ်ရွာလူထုဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ကြောင်း ပြောကြားပါတယ်။

ဒါ့အပြင် IDP စခန်းတွေနဲ့ ယာယီ နေရပ်စွန့်ခွာတဲ့နေရာတွေမှာ COVID-19 ရောဂါ ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးဆောင်ရွက်မှု၊ စားနပ်ရိက္ခာထောက်ပံ့မှု စတာတွေကိုလည်း ပြောကြားပါတယ်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဆန်းစစ်ချက်ပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး ပံ့ပိုးမှုတွေ ဆက်လုပ်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ COVID-19 ထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းတွေမှာလည်း အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးစနစ်ကတစ်ဆင့် လိုအပ်တာတွေကို ပံ့ပိုးပေးဖို့ အသင့်ရှိကြောင်း ပြောပါတယ်။ အခု အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးတွေ၊ ဆက်စပ်ဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတွေ၊ UEHRD ကော်မတီဝင်တွေ၊ AHA Centre က အမှုဆောင် ညွှန်ကြားရေးမှူးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)