NLD အစိုးရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကျွန်းသစ်လုံး တန်ပေါင်း ၁ သောင်းခွဲနဲ့ သစ်မာသစ်လုံးတန်ပေါင်း ၃ သိန်းခွဲ ထုတ်လုပ်မယ်

0
330

NLD အစိုးရအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကျွန်းသစ်လုံး တန်ပေါင်း ၁ သောင်းခွဲနဲ့ သစ်မာသစ်လုံးတန်ပေါင်း ၃ သိန်းခွဲ ထုတ်လုပ်ဖို့ရှိနေတယ်လို့ ကြေးမုံသတင်းစာက ထုတ်ဖော်ရေးသားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – NYEIN CHAN NAING (EPA/MYANMAR)

မေလ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြလာတဲ့ စာရေးဆရာ ၀င်းချစ် (အမျိုးသားစာပေဆုရ) ရေးသားတဲ့ မြန်မာ့သစ်တောများ အပြည့်အ၀အသုံးချရေး (၂) ဆောင်းပါးမှာ အဲ့ဒီလို ဖော်ပြလာတာပါ။

အဲ့ဒီဆောင်းပါးမှာတော့ သုတေသနနည်းလမ်းတွေအရ ဒီလို ထုတ်လုပ်ရာမှာ ရောင်းတမ်းဝင်သစ် ၆၈ % ကျော်နဲ့ တောကျန်သစ် ၃၁ % ကျော် ကျန်ရှိနိုင်တဲ့ အခြေအနေမျိုး ရှိတယ်လို့လည်း ဆောင်းပါးရှင်က ထောက်ပြရေးသားထားပါတယ်။

ဒီကိန်းဂဏန်းတွေအရ ကျွန်းသစ် တန်ပေါင်း ၁ သောင်းခွဲ ထုတ်ယူရာမှာ ကျွန်းသစ်လုံးတန် ၇ ထောင်နီပါးတောကျန် သစ်အနေနဲ့ ကျန်ရစ်ခဲ့နိုင်တာပါ။

အလားတူ သစ်မာသစ်လုံးတန် ၃ သိန်းခွဲ ထုတ်ယူရာမှာလည်း သစ်မာသစ်လုံးတန် ၁ သိန်း ၆ လောက် တောကျန်သစ်အနေနဲ့ ကျန်ရစ်ခဲ့နိုင်နေတာဖြစ်ပါတယ်။

ဒါကြောင့် တောကျန်သစ် တန်ဘိုးဟာ ကျပ်သန်းပေါင်း ၂ သောင်း ၆ ထောင်ကျော် ရှိနိုင်မယ်လို့လည်း ထောက်ပြထားတာပါ။

ဒါကြောင့် တောကျန်သစ်တွေကို အကျိုးရှိအောင် အသုံးချဖို့ကိုလည်း တိုက်တွန်းရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)