န၀တနဲ့ နအဖကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့် (ငြိမ်း) ကွယ်လွန်

0
579

န၀တနဲ့ နအဖကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့် (ငြိမ်း) ကွယ်လွန်သွားပြီဖြစ်ပါတယ်။ မေလ ၂၆ ရက်နေ့ ည ၉ နာရီအချိန်က ရန်ကုန်မြို့ရှိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှာ ကွယ်လွန်သွားတာပါ။

သူ့ရဲ့ ဈာပနကိုတော့ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ အဲ့ဒီဆေးရုံကြီးအတွင်းရှိ ငြိမ်းအေးဇရပ်ကနေ မင်္ဂလာဒုံစစ်သင်္ချိုင်းမှာ မီးသဂြိုလ်ပြီး ဂူသွင်းမှာဖြစ်တယ်လို့ မိသားစုဝင်တွေ ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့် (ငြိမ်း) ကွယ်လွန်မှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် တပ်မတော် (ကြည်၊ ရေ၊ လေ) မိသားစုတွေက ၀မ်းနည်းကြေကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့် (ငြိမ်း) ဟာ ၁၉၈၈ ခုနှစ် အာဏာသိမ်း အစိုးရအဖြစ်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး (န၀တ) အဖွဲ့ဝင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ယောက်ပါ။

ဒါအပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖွဲ့ဝင်တစ်ဦးဖြစ် သာသနရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့် (ငြိမ်း) အသက် (၉၀) ရှိပြီဖြစ်ပြီး ဇနီးသည် ဒေါ်ခင်လှတင်နဲ့ သားသမီး ၃ ဦးထွန်းကားခဲ့ကာ မြေး (၇) ဦးနဲ့ မြစ် ၆ ဦး ထွန်းကားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)