ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယူရိုငွေ သန်း ၈၀ အီးယူ အသုံးပြုသွားမယ်

0
317

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ယူရိုငွေ သန်း ၈၀ (ကျပ်ငွေ ၁၂၀ ထရီလီယံ) အသုံးပြုသွားဖို့ ခွဲဝေသတ်မှတ်ထားတယ်လို့ ဥရောပသမဂ္ဂ (အီးယူ) က ပြောကြား လိုက်ပါတယ်။

သတင်းဓာတ်ပုံ –  NYEIN CHAN NAING (EPA/MYANMAR)

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia ကို မြန်မာ့အလင်းသတင်းစာက တွေ့ဆုံမေးမြန်းစဉ် ထည့်သွင်းပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ အီးယူရဲ့ အကူအညီတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC , UPDJC နဲ့ JMC စတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေသူတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရာမှာ အသုံးပြုတာ များတယ်လို့လည်း ပြောကြားလိုက်တာပါ။

ဒါအပြင် ဒုတိယဦးစားပေး အနေနဲ့ ပဋိပက္ခဒေသတွေက လူထုအခြေပြုလုပ်ငန်းတွေ၊ လူ့အခွင့်အရေးကာကွယ်မှုမြှင့်တင်ရေး လုပ်ငန်းတွေနဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ မြှင့်တင်တဲ့ လုပ်ငန်းတွေ အသုံးပြုသွားမယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)