ပဋိပက္ခတွေ ဘယ်လိုပဲ ဖြစ်နေပါစေ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်း ရှိသင့်တယ်လို့ မြောက်ပိုင်း ၇ ဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်သဘောတူ

0
317

ပဋိပက္ခတွေ ဘယ်လိုပဲ ဖြစ်နေပါစေ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်း ရှိသင့်တယ်လို့ မြောက်ပိုင်း ၇ ဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

မေလ ၂၇ ရက်နေ့က မြောက်ပိုင်း ၇ ဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံမှုတွေရှိပြီး အဲ့ဒီတွေ့ဆုံအပေါ် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောကြားလိုက်တာပါ။

ဒါအပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ အစိုးရတို့အကြား မကြာခင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့လည်း အဲ့ဒီအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ အင်ဘန်လ က သတင်းမီဒီယာတွေကို ပြောကြားထားတာပါ။

လက်ရှိအခြေအနေမှာတော့ မြောက်ပိုင်း ၇ ဖွဲ့အနေနဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲ့ဒီကော်မတီအနေနဲ့ NCA စာချုပ်ကို ပြင်ဆင်ပြီးမှ လက်မှတ်ရေးထိုးမယ်လို့ တရားဝင်ပြောကြားထားတာပါ။

ဒီမြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့မှာတော့ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ / “၀” ပြည် သွေးစည်းညီညွတ်ရေး  တပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာတ်မိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်နေတာပါ။

ဒီအဖွဲ့တွေဟာ အစိုးရနဲ့ တပ်မတော်ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်ကို ပထမဆုံးအနေနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)