ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

0
392

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မေလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ် ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

အခုဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ သူနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အောင် အလယ်ပိုင်းတွေမှာ ဖြစ်ပေါ်နေတာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ ကပ္ဗလီပင်လယ်ပြင်နဲ့ ဘင်္ဂလာပင်လယ်အော် အရှေ့တောင်ပိုင်တွေမှာ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်ထဲမှာလည်း တိမ်ထူတပ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)