ဆားလင်းကြီး မိုးကြိုးအက်စစ်စက်ရုံ နေရာပြောင်းရွှေ့ဖို့ ပြည်ထောင်စုအစိုးရကို တိုက်ရိုက်တင်ပြမယ်

0
377

ဆားလင်းကြီးဒေသရှိ မိုးကြိုး ဆာလ်ဖျူရစ် အက်စစ်စက်ရုံ နေရာပြောင်းရွှေ့ဖို့ ပြည်ထောင်စုအစိုးရကို တိုက်ရိုက်တင်ပြသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နဲ့ စက်ရုံအနီးရှိ ကံကုန်းကျေးရွာက ဒေသခံတွေနဲ့ မေလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် အဲ့ဒီလိုပြောကြားလိုက်တာပါ။

အက်စစ်စက်ရုံက ထွက်နေတဲ့ အနံဆိုးတွေကြောင့် စက်ရုံအမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ မေလ ၂၅ ရက်နေ့က အစိုးရအဖွဲ့ကို ဒေသခံတွေ တိုင်ကြားခဲ့တာပါ။  အဲ့ဒီနောက် အစိုးရအဖွဲ့ဝင်တွေ လာရောက်ပြီ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် မူးဝေအော့အန်တာတွေ၊ မျက်စိစပ်တာတွေနဲ့ အသားအရေယာယံတာတွေကို ဒေသခံတွေ နှစ်ပေါင်း အတော်ကြာအောင် ခံစားနေကြရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)