ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အာဆီယံခေါင်းဆောင်တွေ ဖိလစ်ပိုင်ကို ရောက်ရှိ

0
286

အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အာဆီယံနိုင်ငံခေါင်းဆောင်တွေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ဧပြီလ ၂၈ ရက်နေ့က စတင် ရောက်ရှိလာကြပြီဖြစ်ပါတယ်။

ဧပြီလ (၂၉) ရက်နေ့မှာတော့ အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို စတင်ကျင်းဖို့ရှိနေပြီး အဲ့ဒီအစည်းအဝေးမှာတော့ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ်ရေးကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိနေတာပါ။

ဒါအပြင် မြောက်ကိုရီးယားရဲ့ နျူးကလီးယားအစီအစဉ်ကိစ္စရပ်တွေအပြင် ဒေသတွင်း လုံ့ခြုံရေးကိစ္စရပ်တွေကိုပါ ဆွေးနွေးကြမှာဖြစ်ပါတယ်။  

ဒါအပြင် ကုန်သွယ်ရေးနဲ့ စီးပွားရး လက်တွဲလုပ်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ ရှိနေတာပါ။ အာဆီယံအဖွဲ့ကြီးကို ၁၉၆၇ မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး သက်တမ်း ၅၀ ပြည့်မြောက်ခဲ့တာပါ။

လက်ရှိအခြေအနေမှာတော့ အာဆီယံဒေသတွင်းမှာ လူဦးရေ သန်းပေါင်း ၆၀၀ ကျော် မှီတင်းနေထိုင်နေကြတာဖြစ်ပြီး ဒေသတွင်း GDP ၂.၄ ထရီလီယံအထိ တိုးတက်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)