ဦးဘုန်းမော်ရွှေ လက်ထက်မှာ ယူထားတဲ့ လက်ယက်တွင်း ရန်ပုံငွေထဲက သန်း ၁၇၀၀ ကျော် ပြန်ပေးမယ်

0
272

မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက်က ရေနံလက်ယက်တွင်း တူးဖော်သူတွေဆီကနေ ကောက်ထားတဲ့ ငွေတွေထဲက သန်း ၁၇၀၀ ကျော်ကို လက်ရှိတိုင်းအစိုးကို ပြန်ပေးမှာ ဖြစ်ပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့ အာဏာလွှဲပြောင်းယူစဉ်မှာ အရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ တိုင်းဥက္ကဋ္ဌ၊ တိုင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ရေနံလက်ယက်တွင်း ရန်ပုံငွေတွေကို လွှဲမပေးဘဲ ငွေကျပ် သန်း ၇ ထောင်ကျော် စာရင်းပျောက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီ ရန်ပုံငွေ ပျောက်ဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး) နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ပါတယ်။

ရေနံလက်ယက်တွင်း ရန်ပုံငွေ ကျပ်သန်း ၇ ထောင်ကျော်ကို ပြန်ပေးဖို့နဲ့ ကြံ့ခိုင်ရေးပါတီတို လှူထားတဲ့ ကျပ်သန်း ၁၇၀၀ ကျော်ကို ပြန်ပေးဖို့၊ မပေးရင် ဥပဒေကြောင်းအရ အရေးယူဖို့ လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဧပြီလ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ကြံ့ခိုင်ရေးပါတီ အနေနဲ့ တစ်ကျပ်တစ်ပြားမှ ယူမထားဘူးလို့ ဧပြီလ ၂၆ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)