ဦးကိုနီ လုပ်ကြံခံရမှု တရားခံကြည်လင်း ရုံးချိန်းသက်သေ မလာလို့ နှစ်ပတ်ခန့် ရွှေ့ဆိုင်း

0
293

တရားလွှတ်တော်ရှေ့နေ ဥိးကိုနီ လုပ်ကြံခံမှု ၆ ကြိမ်မြောက် တရားရုံးချိန်းမှာ တရားလို သက်သေတွေ ရောက်ရှိမလာတဲ့အတွက် ရုံးချိန်းကို နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ခန့် ထပ်မံ ရွှေ့ဆိုင်းလိုက်ပါတယ်။

အဲဒီလို ရွှေ့ဆိုင်းလိုက်တာဟာ လူသတ်မှုမှာပါဝင်တဲ့ ရှာဖွေပုံစံတွေဟာ မိတ္တူတွေဖြစ်နေတာကြောင့် တရားရုံးဥပဒေအရ သက်သေခံ တင်သွင်းခွင့် မရှိတာကြောင့် စစ်ဆေးခွင့်မရှိခဲ့ဘူးလို့ တရားခံရှေ့နေက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဒီကနေ့မှာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုထဲမှာ ပါဝင်ပြီး ထွက်ပြေးလွတ် မြောက်နေတဲ့ တရားခံ အောင်ဝင်းခိုင်ကို ထပ်တိုးဖမ်းဝရမ်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသ ကြီး တရားလွှတ်တော်ရုံးမှာ ရာဇ၀တ်ဆိုင်ရာ ပြင်ဆင်မှုကို ကြားနာသွားဖို့ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)