မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဝက်တင်ပို့မှု မီဇိုရမ်ပြည်နယ် ပိတ်ပင်

0
305

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် တောင်ပိုင်း လော်ဝမ်တလိုင် ဒိစတြိတ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ဝက်နဲ့ ဝက်ကောင်ပေါက်ကလေးများ တင်သွင်းမှုကို ပိတ်ပင်ကြောင့် အမိန့်ထုတ်လိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဝက်နဲ့ ဝက်ကောင်ပေါက် တင်သွင်းမှုကို ၂ လကြာ ပိတ်လိုက်တယ်လို့ လော်ဝမ်တလိုင် ဒိစကြိတ် ဥပဒေပြုအမတ် ဒေါက်တာ အေ မူသမ်မာက ကြေညာတာ ဖြစ်ပါတယ်။

တင်သွင်းလာတဲ့ ဝက်တွေမှာ PRRS လို့ ခေါ်တဲ့ ဝက်နားရွက်ပြာရောဂါနဲ့ ဝက်ဝမ်းကျရောဂါတွေ ဖြစ်ပွားမှု ရှိတယ်လို့ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဒိစတြိတ်အတွင်း ရောဂါကူးစက်မှု ထိန်းချုပ်ဖို့နဲ့ တခြားပြည်နယ်တွေကို ရောဂါ မပြန့်ပွားဖို့ အခုလို တင်သွင်းမှုကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်မှာ ဝက်နားရွက်ပြာရောဂါကြောင့် ၂၀၁၃ ခုနှစ်မှာ ဝက်နဲ့ ဝက်ကောင်ပေါက် ၃ ထောင်၊ ၂၀၁၆ မှာ ဝက်နဲ့ ဝက်ကောင်ပေါင် ၄ ထောင် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ဝက်နားရွက်ပြာ ရောဂါဟာ မြန်မာပြည်က တင်သွင်းလာတဲ့ ဝက်ကောင်ပေါက်တွေမှာ ပါလာတာဖြစ်ပြီး ဆက်လက် ကူးစက်ခဲ့တာ ဖြစ်တယ်လို့ တိရစ္တာန်ဆေးပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)