ကျိုက်ထိုမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး နှစ်ဦးကို အဂတိလိုက်စားမှုနဲ့ အရေးယူ

0
245

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းစံပြကျေးရွာမှာ လက်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲ အရေးယူလိုက်ပါတယ်။

သောင်နုမြေတွေကို ခြံကွက်ရိုက် ရောင်းချတဲ့အတွက် အရေးယူပေးဖို့ မွန်ပြည်နယ် လွှတ်တော်ကို တိုင်းကြားခဲ့တာဖြစ်ပြီး အမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။

ကော့ထင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်တင်ဟာ သက်ဆိုင်ရာ ဌာနရဲ့ ခွင့်ပြုချက် မရှိဘဲ သောင်နုမြေကို ခြံကွက်ရိုက် ရောင်းစားခြင်း၊ ပြေစာအတုများ အသုံးပြုခြင်းတို့ကြောင့် လုပ်ပိုင်ခွင့်အာဏာ သုံးပြီး အဂတိလိုက်စားကြောင်း ပေါ်ပေါက်တဲ့အတွက် ပုဒ်မ ၅၆ အရ တရားစွဲခံရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကော့ထင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်လွင်ဟာလည်း ဦးသက်တင် တာဝန်ပေးချက်အရ သောင်နုမြေတွေကို ကိုယ်တိုင်ရောင်းချခြင်း၊ ပြေစာစာရင်းတွေ မမှန်မကန် ပြုလုပ်ခြင်းတွေ ပြုလုပ်ခဲ့တဲ့အတွက် ပူးပေါင်းကြံစည်သူ အဖြစ် ပုဒ်မ ၅၆/၆၃ အရ တရားစွဲဆိုခံရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)