နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိလစ်ပိုင် နိုင်ငံသို့ထွက်ခွာ

0
300

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့်အကြိမ် (၃၀) မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့အတွက် ဒီနေ့ နံနက် ၀၉း၁၅ နာရီက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင် ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေး ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးတွေနဲ့  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင် တက်ရောက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)