နာမည်အငြင်းပွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတား စတင်ဖြတ်သန်းခွင့်ပြု

0
304

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံးမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ကို မနေ့က ဧပြီ ၂၇ ကစပြီး အများပြည်သူ စတင်ဖြတ်သန်း သွားလာခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

တံတားဖွင့်ပွဲ မပြုလုပ်ရသေးပေမယ့် ပြည်သူတွေ သွားလာရေးနဲ့ ကုန်စည် ကူးသန်းမှု အဆင်ပြေဖို့ ဧပြီ ၂၇ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ မနက် ၅ နာရီကနေ ည ၁၀ နာရီအထိ ဖြတ်သန်းခွင့် ပြုထားတာ ဖြစ်ပါတယ်။

စတင် တည်ဆောက်စဉ်ကတည်းက ချောင်းဆုံတံတားလို့ အမည်တွင်နေပေမယ့် လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးဖို့ အဆိုတင်ရာကနေ တံတားအမည်ပေးမှုမှာ အငြင်းပွားမှုတွေ၊ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)