မေ လဆန်းပိုင်းမှာ အစိုးရပိုင် ဒစ်ဂျစ်တယ် သတင်းစာ စတင်ထုတ်ဝေမယ်

0
308

အစိုးရပိုင် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာနဲ့ ကြေးမှုံသတင်းစာတို့ကို အွန်လိုင်းမှာ ဖတ်ရှုနိုင်အောင် စတင်လုပ်ဆောင်နေပြီ
ဖြစ်ပါတယ်။

မေလ ပထမပတ်မှာ ဒစ်ဂျင်တယ်သတင်းစာအဖြစ် ဖြန့်ချိထုတ်လုပ်သွားမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဧပြီလ ၂၆ ရက်နေ့က ပြောကြားခဲ့တာပါ။

ဒီဂျစ်တယ်သတင်းစာကို ထုတ်ဝေဖို့အတွက် လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး အခုလို ပြုလုပ်ရတာဟာ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အတွက်ဖြစ်တယ်လို့ ဦးကျော်စိုးက ဆက်လက်ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)