၂၁ ရာစု ပင်လုံညီလာခံတစ်ခုဖော်ဆောင်ရေးမှာ တိုင်းရင်းသားအားလုံးပါဝင်သင့်တယ်လို့ ၈၈ငြိမ်း/ပွင့်မှ ကိုမြအေးကဆို

0
389

၂၁ ရာစု ပင်လုံညီလာခံတစ်ခုကျင်းပနိုင်ရေးအတွက် အချိန်တိုအတွင်းဖော်ဆောင်ဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များနဲ့ပထမဆုံးအကြိမ်တွေဆုံပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ဖို့နဲ့ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ၂၁ ရာစု ပင်လုံညီလာတစ်ခုဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဆောင်ဝင်ရောက်လာခြင်းအတွက် ကြိုဆိုကြောင်း ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုမြအေးကပြောပါတယ်။
၎င်းကဆက်လက်ပြောကြားရာမှာ ၂၁ ရာစုပင်လုံညီလာခံတစ်ခု မကျင်းပခင် ငြိမ်းချမ်းရေးလက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ရှိနေသေးတဲ့အတွက် အဲဒီအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပြီးညှိနှိုင်းတာတွေ ပြုလုပ်သင့်တယ်လို့ပြောပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ကြမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးနဲ့ အတူ သက်ဆိုင်တဲ့အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ရမှာဖြစ်တယ်လို့ MCN သတင်းဌာနရဲ့သီးခြားဆက်သွယ်မေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)