အစိုးရသစ်အပေါ် ယုံကြည်နားလည်ပြီး ဘာသာရေး ပဋိပက္ခတွေကိုကျော်လွှားကြဖို့ ဘာသာရေးအဖွဲ့အစည်းတွေက တိုက်တွန်း

0
363

မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေနဲ့ အစ္စလမ်ဘာသာဝင်တွေအနေနဲ့ အစိုးရသစ်အပေါ် ယုံကြည်နားလည်ပြီး ဘာသာရေး ပဋိပက္ခတွေကိုကျော်လွှားကြဖို့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတက္ကသိုလ်ခရစ်ယာန်လုပ်ငန်းနဲ့ မြန်မာမွတ်စလင်အစည်းအရုံးတို့ကနေ ကြေညာချက်တွေထုတ်ပြန်ခဲ့တာပါ။ လက်ရှိအစိုးရအနေနဲ့ နိုင်ငံရေးကိစ္စအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ရမှာဖြစ်တဲ့အတွက် လူမျိုးရေး ဘာသာရေး ကိစ္စတွေအတွက် အစိုးရကို ဖိအားမဖြစ်စေဖို့ ၊ လူမျိုးရေး၊ဘာသာရေးအရ အခွင့်အရေးဆုံးရှုံးမှုတွေကြုံ တွေ့လာခဲ့ရင် သည်းခံကြဖို့နဲ့လက်ရှိ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းမှုအပေါ်ထိခိုက်စေမယ့် အခြေအနေမျိုးကို ရှောင်ကျင်ကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၂၇) ရက် ဗုဒ္ဓဟူးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)