အမေရိကန်သံအမတ် စတင် တာဝန်ထမ်းဆောင်

0
299

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ မစ္စတာ စကော့ အလန် မာရှယ်က သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ စတင်ပေးပို့ တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

US

ဧပြီလ (၂၇) ရက်နေ့၊ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မှာ အမေရိကန်သံအမတ်သစ်က အမေရိကန်အစိုးရရဲ့ သံအမတ်ခန့်အပ်လွှာကို သွားရောက် ပေးပို့ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်သစ်ဖြစ်လာတဲ့ မစ္စတာ စကော့ အလန် မာရှယ်ဟာ အဲ့ဒီနေ့ကပဲ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံမှုတွေရှိခဲ့ပြီး နှစ်နိုင်ဆက်ဆံ ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)